TikTok Shop Thailand logo
Search
1/7
฿149.00

(Myanmar Book) ငရဲဆိုတာချိုနဲ့လားဗျို့ - ဦးနု U Nu မြန်မာစာအုပ်များ

Sold by Sar Phat Thu
5(1)
19 sold

Select options

Select

Shipping

From ฿45.00
Est. delivery by Apr 20 - Apr 23

Specifications

Customer reviews (1)

M**H
M**H
Item: Default
၀k
November 3, 2024
Sar Phat Thu
500 items
Shop performance
Better than 92% of other shops
Ships within 2 days
88%
Responds within 24 hours
85%

About this product

ผู้เขียนဦးနု

Product description

စာရေးသူ ဦးနုရဲ့ ရည်ရွယ်ချက်က ငါးပါးသီလလုံခြုံဖို့၊ မကောင်းမှု ဒုစရိုက်တွေ လုပ်နေမိပါစေအုံး…. အကြောက်တရား၊ အသိတရားဝင်ပြီး အချိန်မှီ ပြုပြင်ပြောင်းလဲနိုင်စေဖို့ ရည်သန်တယ်လို့ အညွှန်းမှာ ဆိုထားပါတယ်။
ဇာတ်လမ်းအကျဥ်းကို ပြောပြရမယ်ဆိုရင် “မိုးအောင်”ဆိုတဲ့ ကလေးက ငယ်ငယ်တည်းက တအားကို ဆိုးသွမ်းတယ်။ ပုံမှန်ကလေးတွေ ဆိုးသလို ဆိုးတာမျိုး မဟုတ်ဘဲ သူတစ်ပါး အသက်ကို သတ်ရမှာ ဝန်မလေးသလို…. လူမသတ်ရရင်၊ သူတပါး သားမယားကို ပစ်မှားမစော်ကားရရင် မနေနိုင်လို့ ကြက်ကလေး ငှက်ကလေးတွေကို သတ်ဖြတ်နေတတ်တဲ့ သူမျိုးပေါ့။
ဖတ်နေရင်း အတော်လေး ကြက်သီးထ စရာ၊ စက်ဆုပ်စရာ ကောင်းလွန်းလို့ ရင်မောရ သက်ပြင်း အကြိမ်ကြိမ် ချမိရတယ်။
ဘုရား၊တရား၊သံဃာကို မယုံကြည်၊ ကံ ကံ၏အကျိုးကိုလည်း မယုံကြည် ဘဲ၊ မကောင်းမှု မှန်သမျှ လုပ်ဖို့ကိုသာ စိတ်ဆောင်နေတဲ့သူ….။
ဒီလို လူမျိုးတော့ သေရင် ငရဲသွားရမှာပဲ မကောင်းတဲ့နေရာရောက်မှာပဲဆိုပြီး တွေးမိပေမဲ့….
မိုးအောင်ရဲ့ အဘိုးတော်စပ်သူ ဆရာတော် စန္ဒေါဘာသက လက်မလျော့ဘဲ၊ တရားကို မြင်အောင် ဟောပြောပေးခဲ့တဲ့အတွက်ကြောင့်သာ အမှားသံသရာထဲက ရုန်းထွက်နိုင်ခဲ့ပါတယ်။
သုတ်တော်တွေ၊ ဘုရားရှင်လက်ထက်ကသာဓကတွေနဲ့ ရှင်းလင်းပြောပြထားလို့ နားလည်လွယ်ပါတယ်။
ဘုရားစာတွေပါလို့ ပျင်းတယ်၊ ဒါတွေကို ကျော်ဖတ်လိုက်မယ်လို့ မတွေးစေချင်ပါဘူး။
အစပိုင်းမှာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အခြေခံ သဘောတရားတွေကို ရှင်းလင်း ပြောပြထားပြီး၊ စာအုပ်တဝက်လောက်မှာတော့ ဇာတ်လမ်းပြောပြရင်း အထက်ပါ အကြောင်းအရာတွေကို ရှင်းလင်းအောင် ရေးဖွဲ့ထားပါတယ်။
အဆုံးသတ်ကတော့ နိဗ္ဗာန်ရောက်တဲ့ထိ ကြိုးစားအားထုတ်ကြဖို့၊ တိုက်တွန်းရေးသားထားတာ တွေ့ရပါတယ်။
အပြောလွယ်သလောက် အလုပ်ခက်ပေမဲ့ ဒီဝိပသနာတရားတွေဟာ ကိုယ်ကျင့်ကြံ အားထုတ်နိုင်ရင် အားထုတ်နိုင်သလောက်၊ တကယ့်အေးချမ်းမှု အစစ်ကို ရနိုင်မှာ ဖြစ်တဲ့အတွက် ကြိုးစား အားထုတ်နိုင်ကြဖို့ရာ မျှော်လင့်မိပါတယ်။
ဒီစာအုပ်လေးကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။
မကောင်းတာကို မကောင်းဘူးလို့ သိပြီး ရှောင်ကြဥ်မိသွားရင် အနည်းဆုံးတော့ ကုသိုလ်စိတ် ဖြစ်စေမယ်ထင်ပါတယ်။
အတ္တစိတ်ကို အခြေခံတဲ့ အမိုက်မှောင် ကာလတွေကနေ ကျွန်မတို့ အားလုံး အမြန်ဆုံး လွတ်မြောက်ကြရပါစေလို့ ဆုတောင်းရင်း….။
Product Introduction of (Myanmar Book) ငရဲဆိုတာချိုနဲ့လားဗျို့ - ဦးနု  U Nu မြန်မာစာအုပ်များ 14
Product Introduction of (Myanmar Book) ငရဲဆိုတာချိုနဲ့လားဗျို့ - ဦးနု  U Nu မြန်မာစာအုပ်များ 15

Videos for this product

Ko San Shop
Ko San Shop
May Thu 🌷🌸🌷
May Thu 🌷🌸🌷

Explore more from Sar Phat Thu

TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok