light
TikTok Shop Thailand logo
Search
1/1
฿150.00

ပြုံး၍လည်းကန့်တော့ခံတော်မူပါ ရယ်၍လည်းကန့်တော့ခံတော်မူပါ(Myanmar Book Store)

Sold by Myanmar Book Store
6 sold

Product description

Product Introduction of ပြုံး၍လည်းကန့်တော့ခံတော်မူပါ ရယ်၍လည်းကန့်တော့ခံတော်မူပါ(Myanmar Book Store) 1
ဆရာမ နုနုရည်အင်းဝ ရဲ့
"ပြံး၍လည်း ကန်တော့ခံတော်မူပါ
ရယ်၍လည်း ကန်တော့ခံတော်မူပါ"
ကျနော်ဖတ်ခဲ့ဖူးသမျှ အကြိုက်ဆုံးစာအုပ်တွေထဲက တစ်အုပ်ပါပဲ။
နတ်ပွဲတွေဆို သိပ်ပြီးစိတ်မဝင်စားတဲ့ကျနော် ဒီစာအုပ်လေး ဖတ်ပြီးတဲ့အချိန်မှာ တောင်ပြုန်းပွဲတော်ကြီးဆီ သွားချင်စိတ်တွေတဖွားဖွားပေါ်လာတဲ့အထိ အလွန်ပဲ ရသစုံလင်တဲ့ စာအုပ်ကောင်းလေးပါ
ဒီစာအုပ်ထဲမှာ တောင်ပြုံးပွဲတော်အကြောင်းနဲ့ တောင်ပြုန်း ပွဲကိုအမှီပြုနေရတဲ့ နတ်ကတော်တွေအကြောင်းကို သေချာပြည့်ပြည့်စုံစုံလေးရေးထားတဲ့အတွက် ကိုယ်တိုင်
တောင်ပြုန်းပွဲ ရောက်နေသလိုမျိုးကို ခံစားရစေတာ အမှန်ပါ။
"ဟေ့...လာ..လာ...လာနော်...ပျင်းသလားကွဲ့နော်
...သီချင်း သွားဟစ်အော်....မင်းနှစ်ပါးရဲ့....ပွဲတော်...ပွဲတော်...စလားနောက်လား....ပျော်..ပျော်...တကြော်ကြော်..
.သူစိတ်မဆိုးနဲ့.....ထုံးစံမို့နော်......"
နတ်ဒိုးသီချင်းလေးကို ဖတ်မိလိုက်တဲ့ခန ကိုယ်တိုင်တောင်ပြုံးပွဲကိုသွားပြီး နတ်ဒိုးကချင်နေတော့တာပါပဲ😅
ဒီစာအုပ်ရဲ့အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ တောင်
ပြုန်းနယ်တခွင် နာမည်ကြီးလှတဲ့ မိန်းမလျှာနတ်ကတော်
ကြီး ဒေစီဂျိမ်း လို့ခေါ်တဲ့ ဂျိမ်းစ်ဘွန်းမကြီးပါ....
မင်းမင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို ငယ်ငယ်လေး
တည်းက ငွေငါးရာနဲ့ဝယ်ခဲ့ပြီး ချစ်မြတ်နိုးခဲ့ရတဲ့သူ....
မိန်းမလျှာတစ်ယောက်ရဲ့ သူမြတ်နိုးရတဲ့ယောက်ျား တစ်
ယောက်အပေါ် အနွံတာခံကာ ဘယ်နေ့များရင်ဝကို ခြေစုံ
ကန် ပစ်သွားမလဲဆိုပြီးရင်တမမနဲ့ စောင့်နေရတဲ့ နတ်က
တော်ကြီး ဒေစီဂျိန်းဘဝဟာ တကယ်ကို ရင်ထဲထိမိပြီး ခံစားရတာအမှန်ပါ။
သူ့အချစ်တော်လေးနဲ့ပတ်သက်ရင်ကတ်ကတ်လန် မျက်
စိ အောက်ကအပျောက်မခံနိုင် ချွဲချင်နွဲ့ချင်ပုံတွေကို ဟာသလေးစွက်ပြီးရေးထားတာ တကယ်ကို မျက်စိရှေ့မှာမြင်နေရတဲ့အတိုင်းပါပဲ။
"တစ်ခါတလေတော့ခွင့်လွှတ်မှပေါ့ဗျာ။
မိန်းမအစစ်ရဲ့အသားလေးတွေနဲ့ ထိတွေ့
သာယာပါရစေဦး။ လူဟာ သဘာဝတရား
ကိုဆန့်ကျင်ပြီး ကြာရှည်မနေအပ်ဘူး။
မနေသင့်ဘူး။ ဂျိမ်းစ်ဘွန်းမကြီး ဒါတွေကို
ခင်ဗျားဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူး။"
ဒေစီဂျိမ်းရဲ့ ဝေယျာဝစ္စတွေ ထမီခေါက်ပေးတာမှအစ အစစအရာရာ လိုလေသေးမရှိ စီမံဆောင်ရွက်ပေးခဲ့ပေမယ့်လည်း တကယ်တမ်း ဒေစီဂျိမ်းအပေါ် ဦးလေးလိုမျိုး အကိုလိုမျိုး သံယောဇဉ်သာရှိခဲ့ရာကနေ သူ့တကယ်မြတ်နိုးရတဲ့ ပန်းညို ဆိုတဲ့ကောင်မလေးကို ချစ်မိသွားတဲ့အခါ..........
ဒေစီဂျိမ်းက ထွက်သွားခွင့်ပြုမလား?
မင်းမင်းကရော ဒေစီဂျိမ်းကိုပစ်ပြီးချစ်ရသူနဲ့နှစ်ကိုယ်
တူဘဝထူထောင်မလား?
ဆိုပြီးစိတ်ဝင်တစားဖတ်ခဲ့ရတဲ့ စာအုပ်ကောင်းလေးပါ
"သက်ဆိုင်သူသို့.....ပို့မေတ္တာ....တေးလွှာဝေ....မေ့မေတ္တာမေ့မေတ္တာ....သောက်ကာသုံး......ပြုံးရွှင်စေ
သက်ဆိုင်သူရေ.....မေ့အသံအား....မှတ်မိပါရဲ့လားလေ"
နာကျင်နေတဲ့ သီချင်းသံလေးဟာ မင်းမင်းနဲ့ အဝေးကြီး
ကို ဝေးကွာလို့သွားခဲ့ပါပြီ
ဒီစာအုပ်လေးဖတ်ပြီး ဒေစီဂျိမ်းလိုမျိုး ကိုယ်ချစ်ရတဲ့သူကိုပိုင်ဆိုင်ဖို့အတွက် ဘဝမှာတစ်ခါလောက်တော့ လောဘတက် အတ္တကြီးချင်မိပါရဲ့........
#နုနုရည်အင်းဝ
#ပြုံး၍လည်းကန်တော့ခံတော်မူပါ
ရယ်၍လည်း ကန်တော့ခံတော်မူပါ
Review by - Thiha Lynn Thant
(ခွင့်ပြုချက်ယူပြီး)
-----------------------
စာအုပ်ကိုသဘောကျ ဖတ်ရှုလို၍မှာယူလိုပါက  မှာယူနိုင်ပါတယ်
You may also like
Womenswear & Underwear
Phones & Electronics
Fashion Accessories
Menswear & Underwear
Home Supplies
Beauty & Personal Care
Shoes
Sports & Outdoor
Luggage & Bags
Toys & Hobbies
No more products
TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok