About this product
ประเภทของฉบับฉบับปกติ
ประเภทของปกหนังสือปกอ่อน
ผู้เขียนJohann Wolfgang von Goethe,ကျော်ဌေး
Product description
ဤအုပ်ကိုရေးထားသည်မှာကြာခဲ့ပါပြီ။ အလုပ်များသော ကြောင့် အချောမသတ်ဖြစ်ခဲ့။ အားလပ်ချိန်အနည်းငယ်ရှိ၍ ပြန်ဖတ်ကြည့် သောအခါ ဤစာအုပ်ကို မထုတ်ဘဲထားလိုက်ဖို့မှာ နှမြောစရာဟုထင်မိ သည်။ ဤစာအုပ်ကိုရေးဖို့ကျွန်တော် အများကြီးအားစိုက်ထားခဲ့ရသည်။ ပညာလိုလားသော ထရိတ်ဒါတွေအတွက်လည်း အဖိုးတန် ဗဟုသုတတွေ အများကြီးပါသည်။
ဤစာအုပ်ကို အိုင်စီတီ ၏သင်ကြားပို့ချချက်များ အပေါ်အခြေခံ၍ ရေးသားထားပါသည်။ ICT ဆိုသည်မှာ The Inner Circle Trader ဆို သော Youtube Channel ၏ အတိုကောက်ဖြစ်သည်။ ၎င်း Youtube Channel Michael J. Huddleston Youtube Channel ကိုအစွဲပြု၍ သူ့ကိုလည်း ICT ဟုလူတွေသိကြပါသည်။ သူ၏ နည်းစနစ်များ၊ အယူအဆများကို ထို Channel မှမျှဝေပေးသည်။
ICT Channel တွင် Video ပေါင်း ၇၀၀ နီးပါးရှိသည်။ Video တ ချို့ သည် သုံးနာရီနီးပါးခန့် ရှည်သည်။ သူ၏ပို့ချချက်အားလုံးကိုလေ့လာ ဖို့ ဆိုသည်မှာ တော်ရုံဇွဲနှင့်မလွယ်ပါ။
ICT ၏ ပို့ချချက်များကို ကိုးကားပြီး Youtube တွင်ပြန်လည်မျှဝေ သောလူများရှိပါသည်။ ထိုအထဲတွင် တချို့သည်အကြံအဖန်ဖြစ်ပြီး၊ အမှန် အကန်တွေလည်းရှိပါသည်။ ဤစာအုပ်ကိုရေးသားသောအခါ ICT ၏ပို့ချ ချက်များနှင့် သူ၏နည်းစနစ်များကို မှန်မှန်ကန်ကန် တဆင့်မျှဝေပေးသူ တို့ကိုကိုးကားခဲ့ပါသည်။
ကျွန်တော်သည် မူလက Elliott wave ၊ Fibonacci နှင့် Harmon- ic pattern များကိုသုံး၍ ထရိတ်လုပ်ပါသည်။ ယခုလည်းမပြောင်းလဲပါ။ သို့သော် ICT ၏နည်းစနစ်များကိုလေ့လာပြီး၊ ကျွန်တော့်၏ နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါ အောင်မြင်မှုပိုရလာပါသည်။ ဈေးကွက်အ မြင်မှာလည်း အယင်ကထက် အများကြီးရှင်းရှင်းလင်းလင်းဖြစ်သွားသည်။ ကျွန်တော့်အတွက်အလွန်တန်ဖိုးရှိသော နည်းစနစ်များဖြစ်သည်။
ICT စနစ်သည် Price Action နည်းစနစ်ဖြစ်သည်။ သို့သော် အရင်ကရှိခဲ့သော Price Action နည်းစနစ်များလို Support ၊ Resistance များ၊ Candlestick pattern များကိုမသုံး။ ဈေးကွက်ကိုချယ်လှယ်သူများ ၏ ရောင်းဝယ်သည့်အခါပြုမူပုံကိုလေ့လာ၍ သူတို့နှင့်အတူ တသားတည်း Trade လုပ်ဖို့ကြိုးစားခြင်းဖြစ်သည်။
ဈေးကွက်မှာ လူနှစ်မျိုးရှိသည်။ လူများစုကရှုံးသည်။ ထိုလူများ ကို Dump money ဟုခေါ်သည်။ အလှူရှင်များဖြစ်သည်။ လူများစု၏အရှုံး ကို အိတ်ထဲထည့်နေသူများကို Smart Money ဟုခေါ်သည်။ သူတို့မှာ ဈေးကွက်ကိုချယ်လှယ်ဖို့ငွေရှိသည်။ အသိကြွယ်သည်။ အတွေ့ အကြုံရင့် သည်။ Smart money များ၏ အပြုအမူကိုလေ့လာပြီး၊ သူတို့နှင့်အတူ Trade လျှင်ရေရှည်မှာအကျိုးရှိပါသည်။
ICT နည်းစနစ်သည် Smart money concept ကိုတိုးတက်အောင် လုပ်ထားသောစနစ်ဖြစ်သည်။ Day trader များအတွက်ရော၊ Swing trad- er များအတွက်ပါအသုံးတည့်သည်။ သို့သော်မည်သည့်နည်းစနစ်ကမှ ၁၀၀% အောင်မြင်မည်ဟု အာမခံချက်မပေးနိုင်ပါ။ ကောင်းမွန်သော Money management နှင့်၊ Psychology တို့ဖြင့်ပေါင်းစပ်မှအလုပ်ဖြစ် မည်ဆိုတာကိုတော့ သိထားရပါမည်။
ဤစာအုပ်ကို Fundamental Analysis ဖြင့်စထားသည်။ Day trader များသည် Price ရွေ့လျားတတ်သောအချိန်ကိုသိဖို့လိုသည်။ အရေးကြီးသော သတင်းများကိုသတိထားဖို့လိုသည်။ ဘယ်သတင်းတွေက အရေးကြီးတယ်ဆိုတာသိဖို့လိုသည်။ ဘယ်အချိန်မှာထွက်မလဲဆိုတာကို သိထားရမည်။ ဘယ်နေရာမှာသွားကြည့်ရမလဲဆိုတာကိုလည်း သိထားရ မည်။ ထို့ကြောင့် Fundamental Analysis ကိုလိုတိုရှင်းရေးကာ ထည့်သွင်းထားပါသည်။
Candlestick အကြောင်းကိုလည်း အကျဉ်းထည့်သွင်းထားပါ သည်။ သို့သော် သမားရိုးကျ ပုံစံမဟုတ်။ ရှုဒေါင့်သစ်မှကြည့်ထားသည်။ လက်တွေ့ အသုံးချဖက်မှဖေါ်ပြထားပါသည်။ အတွေးသစ်များပေးနိုင် လိမ့်မည်ဟုမျှော်လင့်ပါသည်။
ICT စနစ်၏အနှစ်သာရသည် PD Arrays နှင့်စသည်။ PD Arrays အားလုံးကိုလေ့လာဖို့မလိုပါ။ သို့သော် တတ်နိုင်သမျှ ပြည့်စုံအောင်ဖော် ပြထားပါသည်။ Trading အတွက်အသုံးချချင်သူရော၊ ဗဟုသုတအတွက် လေ့လာချင်သူတွေပါအဆင်ပြေစေရန်ဖြစ်သည်။
ထို့နောက် Daily Bias ဆိုသော သဘောတရားကိုဆွေးနွေးထားပါ သည်။ Bias ဆိုသည်မှာ တစ်ဖက်ဖက်ကိုယိမ်းနေသည်ဟုအဓိပ္ပါယ်ရ သည်။ သို့သော် ICT နည်းစနစ်တွင် Bias ဆိုသည်မှာ ဈေးကွက်သွားနိုင် ခြေများသော Direction ကိုဆိုလိုပါသည်။ Bias ကိုဖော်ထုတ်ပုံအမျိုးမျိုး ရှိသည်။ ဤစာအုပ်တွင် သဘောပေါက်လွယ်ပြီး၊ လက်တွေ့ အသုံးဝင် သော နည်းစနစ်တစ်ခုကိုဖော်ပြထားပါသည်။
Top down analysis လုပ်၍ Trade တစ်ခုကိုရှာပုံကိုလည်းသီး သန့် အခန်းတစ်ခုရေးထားသည်။ Fair Value Gap ကို Trade လုပ်ပုံကို လည်း သီးသန့် တစ်ခန်းဖော်ပြထားသည်။ Market Maker Model ကို လည်း ဥပမာဝေဝေဆာဆာဖြင့် သီးသန် ့ တစ်ခန်းရေးထားပါသည်။
Market Maker Model သည် ICT စနစ်၏အလွန်အရေးပါသော နည်းစနစ်ဖြစ်သည်။ ဤနည်းစနစ်တစ်ခုတည်းကိုသာသုံးပြီး၊ စိတ်ဓာတ် တည်တည်ငြိမ်ဖြင့်ဈေးကွက်ကိုအနိုင်ယူလို့ရသည်။ အတွေ့ အကြုံရင့်သူ များအနေဖြင့်ဤနည်းစနစ်ကို ပြုပြင်ဖန်တီး ၍လည်းသုံးနိုင်သည်။ ကျွန် တော်ကိုယ်တိုင်လည်းထိုသို့သုံးပါသည်။ စနစ်၏သဘောတရားကို သ ဘောပေါက်ဖို့ အဓိကကျပါသည်။ တတ်နိုင်သလောက် အကောင်းဆုံးဖြစ် အောင် ကြိုးစား ရှင်းပြထားပါသည်။နောက်ဆုံးအခန်းတွင် Candle Range Theory (CRT) ကို နား လည်ရလွယ်ကူအောင်ကြိုးစားရေးသားထားပါသည်။ CRT သည်ဖြစ်နိုင် ခြေမြင့်သော Trading နည်းစနစ်ဖြစ်သည်။ ဈေးကွက်ကိုအနိုင်ယူနိုင် သော Setup ဖြစ်သည်။ ထို့ကြောင့်ဤစာအုပ်တွင်မပါမဖြစ်ထည့်သွင်းရေး သားခဲ့ပါသည်။
ဤစာအုပ်ပါ နည်းစနစ်များကို Day trading အတွက်ရော၊ Swing trading အတွက်ပါသုံးလို့ရသည်။ ထိုနှစ်ခု၏ အဓိက ကွာခြားချက်မှာ Time frame = Time frame : Swing tradingı Time frame သေးလျှင် Day trading ဟု အကြမ်းအားဖြင့်သတ်မှတ်သည်။ Day trade လုပ်လျှင် များများရင်ခုန်ရမည်။ Swing trading လုပ်လျှင် နည်း နည်းရင်ခုန်ရမည်။ မိမိ၏ကျမ်းကျင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးအပေါ်မူ တည်ကာ Trading style ကိုရွေးနိုင်ပါသည်။
ဤစာအုပ်ကို လက်တွေ့ Trading လုပ်ဖို့လည်းသုံးနိုင်သည်။ မည်သို့ပင်သုံးသုံး ဗဟုသုတရှာသည့်အနေနှင့်လည်းဖတ်နိုင်ပါသည်။ စာဖတ်သူများအတွက်အကျိုးရှိသော စာတစ်အုပ်ဖြစ်လိမ့်မည်ဟု ကျွန် တော် မျှော်လင့်ပါသည်။