About this product
ภาษาMyanmar Book
ประเภทของฉบับฉบับปกติ
ประเภทของปกปกแข็ง
ผู้เขียนလွန်းထားထား(ဆေးတက္ကသိုလ်)
Product description
လူ့ရဲ့သဘောသဘာဝက ကိုယ်တန်ဖိုးထားတဲ့အရာ..လူတွေအပေါ်မှာ အရိပ်တကြည့်ကြည့်ကြည့်ပြီး ချစ်နေတတ်ပါတယ်။တန်ဖိုးထားလို့ကို ချစ်နေမိတာမျိုးပေါ့။သူ့အရိပ်ကလေးမြင်ရရင်ကို ကိုယ့်နှုတ်ခမ်းမှာ အပြုံးပွင့်လေး ပွင့်လာစေတာမျိုး..။ သူစကားပြောနေတာလေးကိုငေးကြည့်ပြီး..သူ့နားရွက်ဘေးက ဆံပင်လေးတွေကို တယုတယ သိမ်းသပ်ပေးရတာကိုက ရင်ခုန်လှိုက်မောစရာကောင်းနေတာမျိုးပါ။ကိုယ်တန်ဖိုးထားတဲ့အရာလေး ထိရှကွဲကြေသွားမှာကို စိုးရိမ်တတ်သလိုမျိုးပဲ..ကိုယ်တန်ဖိုးထားတဲ့သူရဲ့ စိတ်နှလုံးကို ထိခိုက်ကွဲရှမဖြစ်စေရအောင်..ဒါဏ်ရာအနာတရမဖြစ်စေရအောင်..ချစ်နေပေးပါ။ဒါဏ်ရာတွေထဲမှာ မုန်းလို့ပေးတဲ့ဒါဏ်ရာနဲ့ ချစ်လို့ပေးတဲ့ဒါဏ်ရာဟာ..နာကျင်ရတာချင်းတော့ အတူတူပါပဲ။ ချစ်လို့ဆိုပြီး..ရက်ရက်စက်စက် စကားလုံးတွေနဲ့ စိတ်တိုင်းကျ ပစ်ပေါက်ပြီးမှ တောင်းပန်တာ..သံသယတွေနဲ့ ကြည့်ပြီး..ဟိုလူနဲ့စိတ်မချတာ..ဒီလူနဲ့ သဝန်တိုတာစွပ်စွဲတာစတဲ့ အပြုအမူတွေဟာတန်ဖိုးထားလို့ ချစ်တာနဲ့ လုံးဝမတူပါဘူး။တန်ဖိုးထားတယ်ဆိုရင် ယုံကြည်စိတ်ချမှုလည်း ရှိပါတယ်..။ ယုံကြည်တဲ့နောက်မှာ..စိတ်မချရခြင်းတွေ..သဝန်တိုရခြင်းတွေ..စွပ်စွဲခြင်းတွေဆိုတာ မရှိနိုင်တော့ပါဘူး။ တကယ်တန်ဖိုးထားတယ်ဆိုရင်..စိတ်ချယုံကြည်စွာ ချစ်နေပေးပါ..။
ခုလိုအချိန်မျိုးမှာ..လူတိုင်းလူတိုင်းမှာ သောကကိုယ်စီနဲ့ ..မရေရာမသေချာတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေရပါတယ်..။ စွန့်လွှတ်မှုတွေ..ဆုံးရှုံးမှုတွေ..စတေးမှုတွေ..ပေးဆပ်မှုတွေများစွာနဲ့ မနက်ဖြန်ဆိုတာကို မျှော်လင့်ဖို့ ခက်ခဲနေချိန်မျိုးပါ..။ ရင်နဲ့အမျှ ခံစားနေရတဲ့ သောကဝေဒနာတွေကြောင့် လူတိုင်းရဲ့စိတ်ဟာ လေးလံကျဉ်းကြပ်နေမှာ သေချာပါတယ်..။ ဘဝမှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိအောင် သောကတွေဖိစီးလာတဲ့အခါ..အဲ့ဒီသောကတွေနဲ့ ဝေးရာဆီကို ခဏလေးဖြစ်ဖြစ် ထွက်ပြေးချင်ကြတာ သဘာဝပါပဲ..။ အသိဉာဏ်ပညာ ရင့်သန်လာတာနဲ့အမျှ..သောကတွေနဲ့ ထာဝရဝေးကွာဖို့ ပိုမိုကြိုးစားအားထုတ်ဖြစ်ကြပါတယ်..။
ပခုံးပေါ်မှာ..ရင်ဘတ်ထဲမှာ လွယ်ပိုးသယ်ဆောင်ထားရတဲ့ စိတ်သောက..ပူပန်ကြောင့်ကြတွေကို လွှတ်ချလိုက်နိုင်ဖို့ အရေးကြီးပါတယ်..။ လွှတ်ချနိုင်သ၍..ပေါ့ပါးလာတာကိုလည်း ကိုယ်တွေ့ခံစားရပါလိမ့်မယ်..။ ဘဝမှာ ဘယ်အရာက အရေးကြီးသလဲ..ဘာကိုရွေးခြယ်သင့်သလဲ..ဘာလုပ်သင့်သလဲ..ဘာကိုစွန့်လွှတ်သင့်သလဲ..စိတ်ရဲ့ငြိမ်းချမ်းကြည်လင်မှုကလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ..စသဖြင့် ကျွန်မသိထားသမျှလေးတွေ..အတွေ့အကြုံ..အသိပညာလေးတွေကို ချစ်သောပရိတ်သတ်နဲ့ မျှဝေချင်တဲ့ စေတနာ မေတ္တာအရင်းခံနဲ့..”သောကနဲ့ဝေးရာဆီ..”ဆိုတဲ့ စာအုပ်ကလေးကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်..။
ဒီနေ့ပျော်ပါ ဘာလို့လဲဆိုတော့ ဒီနေ့ကသာ သေချာမှုရှိလို့ပါ။ တစ်နေ့ တစ်နေ့ အချိန်တွေက အကုန်မြန်လွန်းပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ အရာတွေ…၊ ခံစားခဲ့ရသမျှတွေ…၊ ဆုပ်ကိုင်ခဲ့သမျှတွေဟာ ပျောက်ပျက်လွင့်ပြယ်သွားခဲ့ပါပြီ။ ဆုပ်တွယ်သိမ်းဆည်းထားချင်လို့လည်း မရတော့ပါဘူး။ အရာရာဟာ ချုပ်ပျက်ငြိမ်းသွားခဲ့ပါပြီ။ မနက်ဖြန် ဘာတွေဖြစ်လာဦးမှာလဲ…လို့လည်း ကြိုပြီးမှန်းဆတွေးမနေပါနဲ့…၊ မနက်ဖြန်ဆိုတာ မသေချာတဲ့အရာတစ်ခုပါပဲ။လူတွေဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ အချိန် မရွေး ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတွေကို လက်လွတ်ဆုံးရှုံး လိုက်ရနိုင်ပါတယ်။ အချိန်မရွေး အနာရောဂါတစ်ခုခု ဖိစီးနှိပ်စက်တာကိုလည်း ခံချင်ခံရနိုင်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ…၊စိုးရိမ်ပူပန်ရမှုတွေ…၊ လက်လွှတ်ဆုံးရှုံးလိုက်ရမှုတွေက အချိန်မရွေး နေရာမရွေး ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်တာမို့ ဒီနေ့ကလေးကို ပျော်ပျော်ရွှင်ရွှင်ကလေး ဖြတ်သန်းကြည့်ပါ။ ပျော်ရွှင်မှု ကလေးကို ဒီနေ့ပိုင်တယ်လို့ တွေးကြည့်ပါ။ ဘယ်လို စိတ်အနှောင့် အယှက်ဖြစ်စရာ…လူဖြစ်စေ၊ အကြောင်းအရာဖြစ်စေ၊ အာရုံတစ်ခုခု ကဖြစ်စေ…ကိုယ့်ရဲ့ ကြည်လင်ပျော်ရွှင်နေတဲ့ စိတ်ကလေးကို အထိခိုက်မခံပါနဲ့။ စိတ်ညစ်သွားလည်း ခဏလေးသာညစ်ပါ။ အဲ့ဒီညစ်သွားတဲ့စိတ်ကို သေသေချာချာစောင့်ကြည့်ပါ။ ညစ်တဲ့ စိတ်ကလေးကလည်း ဖျတ်ခနဲ ချုပ်ငြိမ်းသွားရတာပါပဲ။မနက်မိုးလင်းလို့ အိပ်ရာက နိုးပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကတိပေးကြည့်ပါ။ ငါ ဒီနေ့ ပျော်အောင်နေမယ်။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ ပူပန်စရာတွေကို တတ်နိုင်သမျှရှင်းထုတ်မယ်… မတွေးဘဲနေကြည့်မယ်။ ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အကောင်း မြင်တဲ့ အတွေးလေးတွေနဲ့ပဲ ဒီနေ့ပျော်မယ်။ အဲ့ဒီလို တွေးကြည့်ပေး ပါ။ အဲ့ဒီအတွေးမျိုးကို နေ့တိုင်းတွေးတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲ လာစေပါတယ်။ ပျော်ရွှင်မှုဆိုတဲ့ အရာကလည်း ကိုယ်ကသာ စိတ်ထား တတ်မယ်ဆိုရင် ကိုယ့်ဆီ နေ့တိုင်းအလည်လာတတ်တဲ့ ဧည့်သည် ကလေးပါ။ဒါကြောင့်…ဒီနေ့ပျော်ပါ…၊ နေ့တိုင်းပျော်ပါ…။
လူတော်တော်များများဟာ..သူတို့ရဲ့ဘဝမှာ နောင်တနဲ့ ယှဉ်တွဲနေထိုင်မိကြတာများပါတယ်..။ နောင်တကြီးတာနဲ့ သေးတာပဲ ကွာခြားပါလိမ့်မယ်..။ နေ့ရက်တိုင်းကို ပြန်ဆန်းစစ်ကြည့်လိုက်ရင်..တစ်နေ့တစ်နေ့မှာ ကျွန်မတို့ နောင်တရမိတဲ့ အဖြစ်အပျက်တွေ..ရှိနေတတ်စမြဲပါ..။ နောင်တ သေးသေးမွှားမွှားကလေးကနေ စပြီး..နောင်တကြီးကြီးမားမားတွေလည်း ရှိနေတတ်ပါတယ်..။တကယ်တော့ သေချာစဉ်းစားကြည့်လိုက်ရင် နောင်တဆိုတဲ့အရာဟာ..ကျွန်မတို့ကို ပျော်ရွင်စိတ်ချမ်းသာခြင်းကနေ ဝေးအောင် တုပ်နှောင်ထားတဲ့ သံကြိုးတွေလိုပါပဲ..။ နောင်တကြီးမားလေလေ..တုပ်နှောင်ထားတဲ့ ကြိုးတွေက ခိုင်မာသန်စွမ်းလေလေပဲ ဖြစ်ပါတယ်..။ကျွန်မတို့ ဘာအတွက် ဘယ်လိုကိစ္စတွေမှာ နောင်တရကြသလဲ ပြန်စဉ်းစားကြည့်ရအောင်..။ မပြောသင့်တဲ့စကားတစ်ခွန်း..ပြောလိုက်မိလို့ဖြစ်စေ..မလုပ်သင့်တဲ့ အလုပ်တစ်ခုခု လုပ်လိုက်မိလို့ဖြစ်စေ..လုပ်သင့်တဲ့ အလုပ်တစ်ခုကို မလုပ်လိုက်မိလို့ဖြစ်စေ..ကျွန်မတို့ နောင်တရတတ်ပါတယ်..။ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ်..ကိုယ်မသိတဲ့ သူစိမ်းတွေအတွက်ပဲဖြစ်ဖြစ်..ကိုယ်တွေးလိုက်မိတဲ့အတွေး..ပြောလိုက်မိတဲ့စကား..လုပ်လိုက်မိတဲ့အပြုအမူတွေ..ဆုံးဖြတ်ချက်တွေအတွက်..နောင်တတစိမ့်စိမ့်ရနေတတ်တဲ့ အချိန်မျိုးတွေ ရှိတတ်ပါတယ်..။ငါ..ဒီစကားကို ပြောလိုက်မိတာ..မှားသွားပြီထင်တယ်..။ တကယ်ဆို ငါဒီလို မပြောသင့်ဘူး..ဒီလိုအပြုအမူမျိုး ငါချစ်တဲ့သူအပေါ်မှာ မလုပ်သင့်ဘူး..သူ့ဘက်ကို နည်းနည်းတွေးကြည့်ဖို့ကောင်းတယ်..စသဖြင့်ပေါ့…။တစ်ခါတစ်လေ remote လေးတစ်ခုနဲ့ အချိန်တစ်ချိန်ဆီ ပြန်သွားလိုက်ချင်တဲ့စိတ်မျိုး ကျွန်မတို့စိတ်မှာ ပေါ်ဖူးပါလိမ့်မယ်.။ မပြောသင့်တဲ့ စကားတစ်ခွန်းကို ပြောလိုက်မိတာ..မလုပ်သင့်တဲ့အလုပ်တစ်ခု..အပြုအမူတစ်ခုကို ပြုမူလိုက်မိတဲ့အတွက်..မချင့်မရဲစိတ်နဲ့ နောင်တရနေတာမျိုး ဖြစ်ပါတယ်..။တတ်နိုင်ရင် အဲ့ဒီအချိန်ကလေးဆီ remote ကလေးနှိပ်ပြီး ပြန်သွားလိုက်မယ်..ပြောသင့်တဲ့စကားလေးနဲ့ ပြောင်းလဲပြောလိုက်ရင်..အခုခံစားနေရတဲ့ နောင်တတွေ..သောကတွေ..အမှားတွေကို ခံစားရင်ဆိုင်ရမှာမဟုတ်ဘူး..လို့ တွေးမိတဲ့အခါမျိုးတွေ ကျွန်မမှာလည်း ရှိခဲ့ပါတယ်..။အဲ့ဒီနောင်တတွေဟာ ကျွန်မတို့ရဲ့စိတ်ကို မွန်းကြပ်နေအောင်..မပျော်ရွှင်အောင် လှောင်ပိတ်ထားတတ်ပါတယ်..။ ဒါကြောင့် ကျွန်မတို့ဟာ..တတ်နိုင်သ၍ သတိလေးထားပြီး နောင်တရစေမယ့် အတွေးတွေ..စကားတွေ..အလုပ်တွေကို မလုပ်မိအောင်..ကိုယ့်ရဲ့ စိတ်အတွေးတွေကို သတိလေးနဲ့ စောင့်ရှောက်ထားဖို့ လိုပါတယ်..။စိတ်ဟာ သတိကောင်းလာလေလေ..မတွေးသင့်တာကို တွေးလိုက်မိတာနဲ့ ချက်ချင်းသတိထားမိပါတယ်..။
ဘဝမှာ..ပူပန်သောကတွေများလာတဲ့အခါ..အေးချမ်းတဲ့ဘဝလေးတစ်ခုကို လိုချင်တောင့်တမိတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ကိုယ်အေးချမ်းဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို အေးချမ်းစွာထားတတ်ဖို့ အရေးကြီးပါတယ်..။ ဒါဟာ အေးချမ်းစွာရှင်သန်နိုင်ဖို့ ဘဝနေနည်းလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်အေးချမ်းနေဖို့အတွက်..ကိုယ့်ရဲ့အတွေးတွေကိုလည်း အေးချမ်းနေအောင် ကြိုးစားပြင်ဆင်ယူရမှာဖြစ်ပါတယ်။
ပူလောင်မှုတွေကြားမှာ..အေးချမ်းစွာ ရှင်သန်တတ်လာတဲ့အခါ..ကိုယ်အေးချမ်းသလို သူများတွေလည်း အေးချမ်းပါစေဆိုတဲ့ စေတနာနဲ့ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေဆီကိုလည်း ကိုယ့်ရဲ့အေးချမ်းမှုလေးတွေ ကူးစက်မျှဝေပေးနိုင်လာပါတယ်။
ကိုယ်အေးချမ်းအောင်နေဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို ပူလောင်တဲ့နေရာကနေအေးချမ်းတဲ့နေရာဆီ နေရာတကျထားပေးနိုင်ဖို့ပဲ လိုပါတယ်..။ ကိုယ့်ရဲ့စိတ်ဟာ..မီးအပူနားမှာအပူဟပ်ပြီး ပူလောင်နေပြီဆိုရင်အေးမြသန့်စင်တဲ့ ရေတံခွန်နားမှာ နေရာချပေးနိုင်ရင်အေးမြငြိမ်းချမ်းလာမှာပဲဖြစ်ပါတယ်..။
ပူလောင်တဲ့အတွေးတွေလောဘ..ဒေါသ..မာနအစရှိတဲ့ မီးတောက်မီးလျှံတွေအနားကနေကိုယ့်ရဲ့စိတ်ကလေးကို..အေးချမ်းတဲ့အတွေးအာရုံလေးတွေ..အကောင်းမြင်တဲ့အတွေးလေးတွေ..လောဘ..ဒေါသ..မာနတွေ တတ်နိုင်သမျှကင်းတဲ့ ရေတံခွန်လို အေးချမ်းတဲ့နေရာကလေးမှာ..နေသားတကျ နေရာချပေးနိုင်ရင်အေးချမ်းမှုတွေ ကူးစက်လာမှာ သေချာပါတယ်။
ပထမဆုံး ကိုယ်အေးချမ်းလာတဲ့အခါ..ကိုယ့်အနီးနားက မိသားစုမိတ်ဆွေသူငယ်ချင်းတွေနဲ့..လုပ်ဖော်ကိုင်ဖက်တွေဆီ ကိုယ့်ရဲ့အေးချမ်းတဲ့အပြုံးလေးတွေ..အေးချမ်းတဲ့အပြုအမူလေးတွေ..မျှဝေကူးစက်ပေးနိုင်လာပါလိမ့်မယ်။ ပူလောင်မှုတွေကင်းပြီး..အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပါလိမ့်မယ်။
ဒီနေ့အေးချမ်းစွာ စိတ်ထားတတ်လာတဲ့အခါ..မနက်ဖြန်မှာ ပိုအေးချမ်းတဲ့ကိုယ်..ဖြစ်လာပါလိမ့်မယ်..။
တစ်နေ့တစ်နေ့ ကိုယ်ပိုအေးချမ်းလာဖို့အတွက်..တွေးသင့်တဲ့အတွေးလေးတွေ..ထားသင့်တဲ့ စိတ်ထားနည်းလေးတွေ..ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားတန်ဖိုးထားတတ်ဖို့ နည်းလမ်းလေးတွေစသဖြင့်..မျှဝေပေးထားတဲ့ စာအုပ်ကလေးကို ပိုအေးချမ်းတဲ့ ကိုယ်.. လို့ နာမည်ပေးထားပါတယ်။
စာအုပ်ကလေးကို တစ်ထိုင်တည်း ဖတ်လိုက်ဖို့မလိုပါဘူး..။ တစ်နေ့တစ်ပုဒ်စီလောက်ဖတ်ကြည့်ပြီး..တွေးတောဆင်ခြင်ကြည့်စေချင်ပါတယ်..။ ကိုယ့်မှာပြင်ဆင်စရာလေးတွေရှိရင် ပြင်ဆင်နိုင်ဖို့ ချစ်ခင်စွာ တိုက်တွန်းအကြံပြုချင်ပါတယ်။
ကိုယ့်ရဲ့စိတ်ထဲမှာ..သောကတစ်ခုခုကြောင့် ပူလောင်လာပြီလို့ ခံစားရတဲ့အခါ..ဒီစာအုပ်လေးထဲက စာကြောင်းလေးတစ်ကြောင်းကြောင်းက..ကိုယ့်ရဲ့စိတ်ကို အေးချမ်းကြည်လင်သွားအောင်..ရေတံခွန်လေးအနားဆီ ခေါ်ဆောင်သွားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
มีร่างกายที่สงบสุขมากขึ้น
ในชีวิต..เมื่อมีเรื่องกังวลมากมาย..เป็นเรื่องปกติที่จะโหยหาชีวิตที่สงบสุข การจะสงบได้นั้น สิ่งสำคัญคือต้องรักษาจิตใจและความคิดให้สงบ... อีกทั้งยังเป็นวิถีชีวิตเพื่อความอยู่รอดอย่างสงบสุข เพื่อให้จิตใจสงบ คุณต้องพยายามเตรียมความคิดให้สงบ
เมื่อคุณเรียนรู้ที่จะใช้ชีวิตอย่างสงบสุขท่ามกลางเพลิงไหม้ คุณสามารถเผยแพร่ความสงบสุขของคุณไปยังผู้คนรอบตัวคุณด้วยความเต็มใจที่จะทำให้ผู้อื่นสงบสุขเช่นเดียวกับตัวคุณเอง
การจะสงบสติอารมณ์ได้ คุณเพียงแค่ต้องสามารถวางความคิดของคุณในสถานที่จากที่ที่ถูกไฟไหม้ไปยังที่ที่สงบ... หากจิตใจถูกความร้อนจากไฟแผดเผาแล้ว หากวางไว้ข้างน้ำตกที่เย็นและบริสุทธิ์ได้ก็จะเย็นสบาย...
ความคิดที่แผดเผา ความโลภ ความโกรธ ความหยิ่งยโส ฯลฯ ออกไปจากเปลวไฟในหัวใจของคุณ
ประการแรก เมื่อคุณสงบ คุณจะสามารถแบ่งปันรอยยิ้มอันสงบสุข พฤติกรรมสงบสุข และคนอื่นๆ กับครอบครัว เพื่อน และเพื่อนร่วมงานของคุณได้ จะสามารถสร้างสภาพแวดล้อมที่สงบสุขไม่เกิดการเผาไหม้
เมื่อคุณเรียนรู้ที่จะมีจิตใจที่สงบในวันนี้...คุณจะเป็นคนสงบมากขึ้นในวันพรุ่งนี้...
เพื่อให้มีความสงบสุขมากขึ้นในแต่ละวัน..ความคิดที่ควรคิด..ทัศนคติที่ควรมี..วิธีรักและชื่นชมตนเอง
ไม่จำเป็นต้องอ่านหนังสือรวดเดียว... อยากอ่านวันละบทแล้วคิดตาม... หากมีของต้องเตรียมก็ขอเชิญเตรียมตัวครับ
ฉันเชื่อว่าเมื่อคุณรู้สึกว่าหัวใจของคุณร้อนผ่าวเพราะความโศกเศร้า ไม่กี่บรรทัดจากหนังสือเล่มนี้จะพาคุณไปที่ริมน้ำตกเพื่อทำให้จิตใจสงบและปลอดโปร่ง