ဘဝမှာ လက်မလွှတ်သင့်တဲ့ အရာနှစ်ခုရှိတယ် ။
အဲဒါဟာ “အိပ်မက်” နဲ့ “ချစ်ရတဲ့လူ” ပဲ
အိပ်မက်လို့တင်စားရလောက်တဲ့
ဘဝရည်မှန်းချက်တစ်ခုကိုလည်း
ဘယ်လောက်ခက်ခဲပါစေ၊ လက်မလျော့သင့်သလို
တစ်ဘဝလုံး ချစ်မြတ်နိုးနေမှာ သေချာတဲ့
ချစ်ရတဲ့ လူတစ်ယောက်ကိုလည်း လက်မလျော့သင့်ဘူး ။
အဲဒီအရာနှစ်ခုထဲက တစ်ခုကိုလက်လျော့လိုက်ရင်တောင်
ကျွန်မတို့ဘဝတွေဟာ အဓိပ္ပာယ်မဲ့စွာ
ရှင်သန်နေရလိမ့်မယ်…..။
ဒီစာအုပ်လေးထဲမှာ ရသအသားပေး ဝတ္ထုသက်သက် မဟုတ်ဘဲ အချစ်အကြောင်းရော ၊ ဘဝမှာအိပ်မက်တွေကိုရှာဖွေဖို့နဲ့ လက်မလျော့ကြဖို့ ရေးသားထားတာပဲ ဖြစ်ပါတယ်။
ဘဝရဲ့ငယ်ရွယ်မှုတွေ ၊ ရင့်ကျက်လာမှုတွေ ၊
ဆုံးရှုံးရတတ်တဲ့အချစ်အကြောင်းတွေ ၊
ရည်မှန်းချက်ကိုရှာဖွေဖို့၊ အချစ်တစ်ခုကို တန်ဖိုးထားတတ်ဖို့ စတဲ့ အချစ်တွေ ၊ အိပ်မက်တွေနဲ့ ပြည့်နေတဲ့စာအုပ်တစ်အုပ်အဖြစ် ဖတ်ရူ့ရမှာပဲ ဖြစ်ပါတယ် ။