TikTok Shop Thailand logo
Search
1/5
฿119.00

(Myanmar Book) တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး မြန်မာဝတ္ထု စာဖတ်သူ เชือกที่ผูกมัดเมฆ หนังสือนวนิยายพม่า

Sold by Sar Phat Thu
5(4)
44 sold

Select options

Select

Shipping

From ฿45.00
Est. delivery by Apr 21 - Apr 23

Customer reviews (4)

🎀**
🎀**
Item: Default
ပိုဆောင်မူမှန်ကန်တယ်ရှင့်
Product Review of (Myanmar Book) တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး မြန်မာဝတ္ထု စာဖတ်သူ เชือกที่ผูกมัดเมฆ หนังสือนวนิยายพม่า from 🎀** 0
Product Review of (Myanmar Book) တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး မြန်မာဝတ္ထု စာဖတ်သူ เชือกที่ผูกมัดเมฆ หนังสือนวนิยายพม่า from 🎀** 1
October 24, 2024
k**n s**e
k**n s**e
Item: ค่าเริ่มต้น
ကောင်းတယ်စာသားလေး
3w ago
s**r
s**r
Item: Default
Nice
December 25, 2024
Z**n **
Z**n **
Item: Default
Good
February 7, 2025
Sar Phat Thu
514 items
Shop performance
Better than 92% of other shops
Ships within 2 days
87%
Responds within 24 hours
84%

Product description

လောကမှာ ထားခဲ့သူထက် ကျန်ရစ်သူမှာ ပို၍ ပူလောင်ပူဆွေးကြရတယ်…”နောင်တ”ဆိုတာ အရှင်လတ်လတ် ငရဲကျနေသလိုမျိုး လူတစ်ယောက်ကို နေ့စဥ်မပြတ် သတိပေးနှိုးဆော်နေတဲ့အရာ… အဲ့ဒီအရာကို ဘယ်သူကများ လိုချင်ပါ့မလဲနော်… ကိုယ့်ရဲ့ စကားကြောင့်သော်လည်းကောင်း/အပြုအမူကြောင့်သော်လည်းကောင်း တစ်စုံတစ်ယောက်ကို ဆုံးရှုံးခဲ့ရဖူးလား…? အို…ဒီလိုမျိုးအဖြစ် တွေးတောင်မတွေးမိဝံ့ခဲ့ဖူးဘူး… ကိုယ့်ကြောင့် တစ်စုံတစ်ယောက် နစ်နာသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးဖူးသလား…? နောင်တ ဆိုတာ နောက်မှရတတ်တာတဲ့… သိပ်မှန်တာပဲ…ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ဝမ်းနည်းပူဆွေးရသည်ရှိခဲ့သော် ငါဒီလို မပြောခဲ့ရမှာ၊ငါဒီလို မပြောခဲ့ရမှာ၊ငါဒီလိုမလုပ်ခဲ့ရမှာဆိုပြီး အပြစ်တင်ကြဖူးကောင်း တင်ဖူးကြမှာပါ…ဒါဟာ သဘာဝပါပဲ… နောင်တ ဆိုတာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပါပဲ…ထို့အတူ နောင်တနဲ့အဖော်မွန်လို ဖြစ်နေသူဟာလည်း သိပ်ကို သနားစရာကောင်းလှပါတယ်… ဒီစာအုပ်ထဲမှာတော့ ချင်းပြည်နယ်ရဲ့အလှအပတွေ/ ချင်းတောင်တန်းကြီးတွေ/သိပ်လှတဲ့ပန်းပွင့်တွေရယ် /စိမ်းစိမ်းစိုနေတဲ့ တောတွေရယ်/ချင်းလူငယ်လေးတွေရဲ့ပညာရေး/ စိတ်ဓာတ်/ယဥ်ကျေးမှု/ရိုးရာပွဲတော်/အောက်ချင်းငှက်တွေ စတဲ့အကြောင်းအရာတွေကို ဖော်ပြလို့ထားပါတယ်…စာအုပ်ကို ဖတ်လိုက်တာနဲ့ ချင်းပြည်နယ်ကို ကိုယ်က ရောက်နေသလိုမျိုး ခံစားရမှာဖြစ်ပြီး စာအုပ်ထဲက အဖြစ်အပျက်တွေကိုပါ မျက်လုံးထဲ မြင်ယောင်လာစေမိမှာ အမှန်ပါပဲ… ဆေးဖက်ဝင် သစ်ပင် ပန်းပင် တွေကို သုတေသနလုပ်တဲ့ ငွေဝန်းသော်တာ ဆိုတဲ့ မြန်မာအမျိုးသမီးတစ်ယောက်… သူမရဲ့ ပယောဂကြောင့် လူတစ်ယောက်ဆုံးရှုံးခဲ့ရပြီး နှစ်အတော်ကြာ နေ့ရက်တိုင်း နောင်တတွေကြားမှာ ပိတ်လှောင်ခံနေရတဲ့ သူမ… သူမနဲ့အတူ စာအုပ်ထဲမှာ လိုက်ပါလာမယ့် အမျိုးသားနှစ်ယောက် အနေအေးပြီး သူ့ဘဝမှာ ဒေါသဆိုတာမရှိသလောက်ရှားပါးလွန်းတဲ့ ပိုင်စိုးဆိုတဲ့ Photo journalist လူငယ်… နောက်ထပ်တစ်ယောက်က အမဲလိုက်အလွန်ဝါသနာပါပြီး ငွေဝန်းကို သံယောဇဥ်ကြီးလွန်းသူ ချင်းလူမျိုး ထျန်းအုခ်ထန် သူ့ဘဝမှာ ငွေဝန်းဆိုတဲ့ အမျိုးသမီးရောက်လာတဲ့အခါမှာ အမဲလိုက်ခြင်းဆိုတဲ့ဝါသနာဟာ တိမ်လို လေလို ပျောက်ကွယ်သွားရတဲ့အဖြစ်… အတိတ်က ငွေဝန်းရဲ့ပယောဂကြောင့် တိမ်လိုပျောက်ကွယ်သွားတဲ့ ဖွန်ဒုလျန် ဆိုတဲ့ ကောင်လေးတစ်ယောက်အတွက် ငွေဝန်းရဲ့ လျော်ကြေးက ဘာဖြစ်မလဲ…? ငွေဝန်းကရော ထျန်းအုခ်ထန်အပေါ် ချစ်ကျွမ်းဝင်မိနေသလား…? ဒါမှမဟုတ် ပိုင်စိုးကို သံယောဇဥ်ဖြစ်နေမိသလား…? အဆုံးမှာ အမျိုးသားနှစ်ယောက်အနက် ဘယ်တစ်ယောက်ကို ရွေးချယ်သွားမလဲ….? ဆရာမဂျူးရဲ့ စာအုပ်တွေအနက် ဒီစာအုပ်ကို ဖတ်ရတဲ့ ခံစားချက်က ထူးဆန်းတယ်…စာအုပ်ဖတ်နေရတာနဲ့ မတူဘဲ ခရီးသွားပြီး ငွေဝန်းဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေကို ပြန်ကြည့်နေရသလိုမျိုးကို ခံစားစေမိလို့ ထူးခြားတယ်… စာဖတ်သူကို မငြီးငွေ့စေဘဲစာအုပ်နာမည်အတိုင်း တိမ်တွေပြီးရင် ဘာရှိမလဲ?ဆိုတဲ့ သိချင်စိတ်နဲ့ စာရွက်တစ်ရွက်ချင်းစီကို လှန်လှောဖတ်ရှုရစေမှာ အမှန်ပါပဲ… ဒီတော့ အေးအေးငြိမ့်ငြိမ့်စာလေးဖတ်ရှုရတာ ကြိုက်သူတွေအဖို့ ကျွန်တော့်အနေနဲ့ ဒီစာအုပ်လေးကို recommended ပေးပါတယ်ဗျာ….. ကျွန်တော်ကတော့ သိပ်သဘောကျတယ်…ဒီစာအုပ်ကို ချစ်သူလား စကားပွင့်တစ်ပွင့်ပွင့်ခဲ့တယ်… ဝယ်ဖတ်ရအုံးမယ်… ” ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ်တတ်မြောက်ဖို့ မခက်ခဲပါဘူး။ အများစုအရာတွေဟာ ပျောက်ဆုံးဖို့သက်သက်ရည်ရွယ်ထားသလိုပဲမို့ သူတို့ကိုဆုံးရှုံးရလို့တော့ ဆောက်တည်ရာမရဖြစ်ဖို့မလို။ နေ့တိုင်းနေ့တိုင်း တစ်ခုခုတော့ပျောက်ဆုံးနေကြတာပဲ။ တံခါးသော့ပျောက်တဲ့ စိတ်တိုခြင်းတွေ၊ ဆိုးဆိုးရွားရွားကုန်ဆုံးသွားခဲ့တဲ့ အချိန်နာရီတွေ။ ဆုံးရှုံးရခြင်း အတတ်ပညာဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ဖို့ မခက်ခဲပါဘူး။ ဒီတော့ နေရာတွေနာမည်တွေ နောက်ထပ် နောက်ထပ်ဆုံးရှုံးဖို့ ပိုပြီးမြန်မြန်ဆုံးရှုံးဖို့ လေ့ကျင့်ရမှာပေါ့ ” “ကျွန်တော် မမနဲ့မခွဲနိုင်ဘူး… မမအနားမှာပဲ နေချင်တယ်… ကျွန်တော့်ကို ခေါ်သွားပါနော်… မမပြန်သွားရင် ကျွန်တော်ဒီမှာ သေမှာပဲ… မမ ကျွန်တော်လေ မမကိုချစ်တယ် သိလား…? မမတို့အိမ်ခြံဝိုင်းထဲမှာနေပြီး သစ်ပင်၊ပန်းပင်တွေ ကြည့်ပေးမယ်လေ…” ဖွန်ဒုလျန် ချစ်သူ၏ရင်ခွင်မှာ ခိုဝင်မှေးစက်ခွင့်လေးကိုတောင် မရနိုင်တော့သည့် အဖြစ်မို့ ကျွန်မဝမ်းနည်းလှပါသည်… သို့သော် ကျွန်မ ချစ်သူက ဘယ်မှာလဲ…? “တိမ်တွေဟာ သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ” หนังสือเล่มนี้ติดตามสไตล์ของนางจู ภูมิหลังของเรื่อง ทิวทัศน์ ความงดงามของพื้นที่ วัฒนธรรมดั้งเดิม สภาพธรรมชาติของพื้นที่ คุณควรสัมผัสได้ถึงความงามของ Chin Taung อย่างชัดเจน เป็นหนังสือที่มีตัวละครที่หลากหลาย เป้าหมายชีวิตของคนหนุ่มสาว ภูมิหลังของครอบครัว และฉันคิดว่าคุณควรอ่านมันมากเช่นกัน
Product Introduction of (Myanmar Book) တိမ်နဲ့ချည်တဲ့ကြိုး - ဂျူး မြန်မာဝတ္ထု စာဖတ်သူ เชือกที่ผูกมัดเมฆ หนังสือนวนิยายพม่า 1

Explore more from Sar Phat Thu

You may also like
Womenswear & Underwear
Phones & Electronics
Fashion Accessories
Menswear & Underwear
Home Supplies
Beauty & Personal Care
Shoes
Sports & Outdoor
Luggage & Bags
Toys & Hobbies
No more products
TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok