မိန်းမတစ်ယောက်ရဲ့ အားမာန်၊ ခေတ်က ကန့်သတ်ထားတဲ့ ယောက်ျားနဲ့ မိန်းမတို့ရဲ့ လုပ်ပိုင်ခွင့်၊ စံသတ်မှတ်ချက်တွေကို မေးခွန်းထုတ်ထားတဲ့ ဝတ္ထုဖြစ်ပါတယ်။စာရေးဆရာတစ်ယောက်၏ စာပေမှတ်တိုင် ထူထောင်ရာ အမှတ်အသားတွင် “သူမ” ၀တ္ထုသည် ဂျပန်ခေတ်၌ ရေးသားထုတ်ဝေခဲ့သော ဂျာနယ်ကျော်မမလေး၏ ပထမလက်ရာ အမှတ်အသားဖြစ်ခဲ့သည်။ ဂျပန်ခေတ်၌ ဤ၀တ္ထုကို စာပေမွေ့သူတိုင်း စွဲလမ်းနှစ်ခြိုက်ကာ လှိုင်းဂယက် ထကြွခဲ့သည်။ အမျိုးသမီးများ အိမ်ထောင့်တာဝန်နိုင်နင်းစေရန်၊ မိန်းမဟူ၍ စိတ်အားမငယ်တတ်ရန်၊ ကိုယ်အစွမ်းအစကို ပြရန် လမ်းညွှန်ထားသည်။ အမျိုးသားများသာမဟုတ်၊ အမျိုးသမီးများသည်လည်း သူ့နည်းနှင့်သူ အကျပ်အတည်း တစ်ခုကို က္ကန္ဒြေရရ ကျကျနနကြီး ကျော်နင်းကာ ဂုဏ်ဆည်နိုင်ခဲ့ပုံကို တင်ပြထားသော ၀တ္ထုတစ်ပုဒ်ဖြစ်သည်။
ဒုတိယအကြိမ်ဖတ်ဖြစ်တဲ့စာအုပ်ကလေး
သက်သက်ရဲ့စိတ်ဓါတ်ကလေးကိုလေးစားမိတယ်…အတုယူချင်စရာကောင်းတဲ့လုပ်ပုံကိုင်ပုံတွေကြောင့်
ဖတ်ရင်းကိုယ်တောင်မိန်းကလေးချင်းရှိန်မိတယ်…ဝန်ကြီးဦးမင်းဟန်တို့တစုကလည်းလေးစားဖို့ကောင်းတဲ့ကိုယ့်ကျင့်တရားကောင်းတဲ့ယောကျားကောင်းတွေဖြစ်တယ်…ပုံမှန်ဆိုရင်
ပိုက်ဆံရှိပြီးကိုယ်ကျင့်တရားမကောင်းကြတဲ့သူများတာမို့လေ..သက်သက်ကိုအိမ်ရဲ့အုပ်ချုပ်သူအဖြစ်နဲ့လေးစားမှူပေးထားတာမျိုးတွေပေါ့…
သက်သက်ဘက်ကစည်းသားထားလို့လည်းပါပါလိမ့်မယ်ဒေါင်းရုပ်ကလေးရွေးနိုင်ဖို့သက်သက်ရောလှရောမှာကြိုးစားပြီးပိုက်ဆံစုကြတာ…
အလိုရှိရာဆန္နကို
ဖြစ်မြောက်အောင်လုပ်ကြတာကိုလည်းအားကျမိတယ်….လှကတော့စိတ်ပျော့တဲ့သူမို့သက်သက်ရဲ့စိတ်ခွန်အားကိုစာဖတ်သူစိတ်ထဲပိုသိသာထင်ဟပ်စေတယ်
ဝန်ကြီးဦးမင်းဟန်ရဲ့ညစ်ပတ်ပေရေနေတဲ့အိမ်ကြီးကိုပြောင်လက်ပြီးသစ်လွင်လာအောင်လုပ်သွားတာတွေအိမ်နောက်ဖေးမှာအခင်းလေးတွေနဲ့ဟင်းရွက်မျိုးစုံစိုက်ထားတာတွေကအစမီးဖိုချောင်စရိတ်အလေအလွင့်မဖြစ်အောင်စေ့စပ်သေချာမှူတွေပေါ့လေအားကျရတာပါပဲ…တအုပ်လုံးဖတ်ပြီးတဲ့အခါသက်သက်ကိုအားကျစိတ်တွေတဖွားဖွားဖြစ်ရတယ်စိတ်ဓါတ်ရေးရာအရရောကိုယ်ကျင့်တရားအရရောပဲ…မိန်းကလေးတွေဖတ်သင့်တဲ့စာအုပ်ကလေးတစ်အုပ်ပါ
အတုယူစရာကောင်းတဲ့စံနမူနာတခုအနေနဲ့ပေါ့