Product description
ချမ်းသာဖို့နဲ့ ကျန်းမာဖို့ ဘယ်ဟာက အဓိကကျတယ်ထင် လဲလို့မေးရင် တော်တော်များများက ကျန်းမာဖို့လိုသာဖြေကြမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ နှစ်ခုလုံးက အဓိကကျပါတယ်။ ကျန်းမာရေးကောင်းဖို့ရော ချမ်းသာဖို့ပါ ကျွန် တော်တို့ရွေးချယ်နိုင်ပါတယ်။
ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ ပြည့်နေတာပါ။ နေမကောင်းဖြစ်တာလည်း ကိုယ်ကရွေးချယ်လို့ပါပဲ။ မချမ်းသာသေးတာလည်း ကိုယ်ကရွေးချယ်လို့ပါပဲ။
ဒီစာအုပ်မှာတော့ Anita Moorjani က သူမရဲ့ဘဝမှာရွေးချယ်မိခဲ့တဲ့အရာတွေ နဲ့ အကြောက်တရားတွေက သူမရဲ့ကင်ဆာရောဂါဆီကို ဘယ်လိုပုံစံနဲ့ဦးတည်သွားခဲ့ ကြောင်း ဖော်ပြထားတယ်။
အပင်ကိုသတ်ချင်ရင် အမြစ်ကနှုတ်မှရမယ်ဆိုတဲ့စကားအရ အကိုင်းတွေကို ပဲ ကျွန်တော်တို့ ဖြတ်နေလို့မရပါဘူး။ နေမကောင်းရတဲ့ အကြောင်းရင်းဇာတ်မြစ်ကို ပြန် ရှာပြီး နှုတ်ပစ်ဖို့လိုပါတယ်။ စစ်မှန်တဲ့ကုစားမှုဆိုတာ ပြင်ပမှာ မရှိဘူး။ ဆေးဝါးတွေမှာ မရှိဘူး။ အတွင်းမှာပဲ အဖြေရှိတယ်။
Anita ရဲ့ NDE ဇာတ်လမ်းကနေ စစ်မှန်တဲ့ကုစားမှုတွေဆီဦးတည်ပုံကို ကျွန် တော်တို့ ဒီစာအုပ်ထဲမှာဖတ်ရှုရမှာပါ။ ကျွန်တော့်အတွက်တော့ ဒီစာအုပ်ကို ဘာသာ ပြန်ပေးခွင့်ရတာဟာ လူတိုင်းဆီမှာ ရှိပြီးသား ရတနာသေတ္တာတစ်လုံးစီကိုဖွင့်နိုင်ဖို့ သော့တစ်ချောင်းစီ ကမ်းပေးခွင့်ရသလိုခံစားရပါတယ်။ ဒီစာအုပ်ကနေ ကိုယ့်ရဲ့ဖျားနာ မှုတွေကို ကုစားနိုင်ဖို့ နည်းလမ်းတွေရရှိမယ်။ မိမိဘဝမှာအရင်ကရှိခဲ့တဲ့တွေးခေါ်မှု၊ နေထိုင်မှု၊ ခံစားမှုအလွဲတွေကို ပြင်ဆင်ခွင့်ရဖို့ အသိတရားတစ်ခုခုရရှိသွားမယ်ဆိုရင်တောင် ကျွန်တော်ဘာသာပြန်ပေးရကျိုးနပ်ပါပြီ။
စာဖတ်သူတွေကို ကျွန်တော်ကြိုပြီးသတိပေးလိုတာက ဒီစာအုပ်ဟာ ဘာသာ တရားတွေအပေါ်မေးခွန်းထုတ်ဖို့ ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ပိုပြီးနက်နဲတဲ့ မိမိရဲ့ အတွင်းက ခမ်းနားကြီးကျယ်မှုတွေကို သိပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ အကောင်းဆုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲ ရည်ရွယ်ထားတာပါ။ ခင်ဗျားဖာသာ ဘယ်ဘာသာ တရားကိုပဲ ယုံကြည်ယုံကြည် ကိစ္စမရှိ။ ဝိဉာဉ်ရေးရာမှာတော့ အားလုံးဟာ တစ်သား တည်းဖြစ်နေတာကြောင့် မိမိရဲ့ရွေးချယ်မှုဟာ ဘယ်ကိုဦးတည်နေလဲဆိုတာကို သိဖို့နဲ့ မိမိအမှန်တကယ်မည်သူဖြစ်ကြောင်းသိရဖို့က အင်မတန်အရေးကြီးတယ်လို့ Anita ကသူ့ရဲ့အတွေ့အကြုံသက်သေတွေနဲ့တကွ ရေးသားဖော်ပြပေးထားပါတယ်။
ဒီဇာတ်လမ်းဟာ ကင်ဆာရောဂါကို အနိုင်ယူပြီး ပြန်လာနိုင်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Anita ရဲ့စာအုပ်ကို ဘာသာပြန်ရေးသားခွင့်ရ တဲ့အတွက် ကျွန်တော့်ဖာသာဂုဏ်ယူမဆုံးဖြစ်မိပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ စာဖတ်သူတွေကို ဒီစာအုပ်ဟာ ဘဝမှာမသေခင် တစ်ခါလောက်တော့ဖတ်ဖြစ်အောင်ဖတ်ကြည့်သင့်ပြီး ဘဝကို အဓိပ္ပါယ်ရှိရှိရှင်သန်နိုင် ဖို့အတွက် အရေးပါတဲ့ကိရိယာတစ်ခုလို့သာ ညွှန်းချင်ပါတော့တယ်။