About this product
ภาษาMyanmar
ประเภทของฉบับฉบับพิเศษ
ประเภทของปกปกแข็ง
ผู้พิมพ์pinmyintsanbooks
ผู้แปลTH345143413413410
เวอร์ชันตัดทอน
ISBN/ISSNTH2345165263641634110
จํานวนต่อแพ็ค1
Product description
တစ်ယောက်ယောက်ကိုတစ်ခုခုပေးလိုက်တယ်။
ဆိုပါစို့ ချစ်ပေးတာ၊ကြင်နာပေးတာ ၊ ကူညီပေးတာ၊
လိုက်လျောပေးတာ ၊ နွေးထွေးပေးတာ ၊ အနစ်နာခ့ပေးတာ စသဖြင့်ပါ။
ဒီတစ်ခါပေးတဲ့သူက ပြန်စဉ်းစားရမယ်။
သူ တောင်းဆိုလို့ငါပေးတာလား ၊ မဟုတ်ဘဲ ငါပေးချင်လို့ပေးတာလားဒီနှစ်ခုကမတူပါဘူး။ ဟုတ်တယ် ကိုယ်ကပေးဆပ်ရလို့ ကိုယ့်ဘာကိုယ်ပေးတာဆို ကိစ္စမရှိဘူး။ ကိုယ်ပေးချင်လို့ပေးပြီးတော့မှ " ငါပေးသလို ပြန်ရရမယ်ဆိုတာ" ကျတော့ ပေးသူနဲ့ယူသူကြားမှာ Fair မဖြစ်ပါဘူး။ ပေးသူရော ယူသူပါစိတ်မသန့်တော့ဘူး။ မဟုတ်ဘဲ တစ်ဖက်ကတောင်းဆိုလို့ပေးရတယ်ဆိုရင်တော့ ပြန်လိုချင်တာ တရားတယ်။ ကိုယ်ကပေးချင်လို့ပေးလိုက်ပြီး ပြန်ရရမယ်လို့မျှော်လင့်မိတယ်၊ ဒါပေမယ့် တစ်ဖက်လူဆီက ကိုယ်ပေးလိုက်သလို ပြန်မရတဲ့အခါ ကိုယ်ပင်ပန်းရတယ် ။
နောက်တစ်ခုက ကိုယ်ပေးတာ စစ်မှန်ရဲ့လားဆိုတာပါပဲ။ တချို့ကျသူတို့ဘက်က အတုအယောင်တွေပဲ ကိုယ့်ဆီကိုလာပေးနေတာ၊ကိုယ့်ဆီကသူတို့ပြန်လိုချင်တာ တကယ့်စစ်မှန်တဲ့အရာတွေ။ ကိုယ်ကရောအဲသလ်ုလူစားမျိုးလား၊ကိုယ်ကျအတုအယောင်တွေသွားပေးနေပြီးတစ်ဖက်လူဆီက အစစ်အမှန်ကိုမှပြန်ရယူချင်နေတာလား။
သေချာတယ် အဲဒီဆက်ဆံရေးဟာ ရေရှည်မြဲမှာမဟုတ်ဘူး။တစ်ဖက်လူဆီက ချိုမြီတာကိုလိုချင်တယ်ဆိုရင်ကိုယ်တိုင်ချဉ်နေလို့မရဘူး။ကိုယ်တိုင်က ချိုနေရက်သားနဲ့ ချဉ်နေတာပဲပြန်ရနေတယ်ဆိုရင်ရောဒါက ဒီလိုရှိပါတယ်... ကိုယ့်ဘက်ကနေ
စစ်မှန်စွာချစ်ပေးတယ် ၊ ဂရုစိုက်ပေးတယ် ၊ အနစ်နာခံပေးတယ်၊ကြင်နာနွေးထွေးယုယပေးလို့ အတုအယောင်ပဲပြန်လာရင် ဘာမှခံစားနေစရာမလိုဘူး။ အချိန်ကုန်လို့။
အမှန်ကကိုယ်ပေးတာနဲ့မထိုက်တန်လို့ ကိုယ့်စေတနာအနာစ်နာခံပေးဆပ်မှုတွေကို နားလည်လက်ခံနိုင်တဲ့ဉာဏ်ရည်မျိုး သူ့ဆီမှာမရှိလို့ ဆိုပြီးမှတ်လိုက်ရင် ပူပန်ရတာသက်သာတယ်။
လူ့သဘာဝက ပေးတိုင်ပြန်လိုချင်တတ်ကြတာချဉ်းပါပဲ။အချစ်ပဲဖြစ်ဖြစ်၊ဂရုစိုက်မှုဖြစ်ဖြစ် ၊အကြင်နာမေတ္တာတွေပဲဖြစ်ဖြစ် ၊ ရုပ်ဝတ္ထုပစ္စည်းပဲဖြစ်ဖြစ်၊ ကိုယ့်ဘက်ကစစ်မှန်နေတာကို နားလည်လက်ခံနိုင်တဲ့
(ဉာဏ်ရည်မှီတဲ့) လူကိုသာပေးသင့်တယ်။
ရာနှုန်းပြည့်မဟုတ်ရင်တောင် ၄၀ ရာခိုင်နှုန်းလောက် အသိအမှတ်ပြုခံရလည်းစိတ်ချမ်းသာရတယ်။
ရာနှုန်းပြည့်ပြန်ရတယ်ဆိုရင်တော့ Perfect Healthy Relationship ပါပဲပေါ့။