About this product
ภาษาMyanmar
ประเภทของฉบับฉบับพิเศษ
ประเภทของปกปกแข็ง
ผู้พิมพ์pinmyintsanbooks
เวอร์ชันตัดทอน
ISBN/ISSNTH234562561526516190101
จํานวนต่อแพ็ค1
Product description
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်
(တရုတ်အလုပ်သမားလူငယ်တစ်ဦး၏ကဗျာတစ်ပုဒ်မှ)
အဓိက ဇာတ်ဆောင်ဖြစ်တဲ့ သံချောင်းရဲ့ သဘာဝတရားကို ကြောက်ရွံ့ နောက်မဆုတ်ဘဲ ရွတ်ရွတ်ချွံချွံ အံတုခဲ့ပုံကတော့ ဆရာကြီးမြသန်းတင့်ကအဓိကစာဖတ်သူကို ပေးချင်တဲ့ မက်ဆေ့ချ်ဖြစ်ပီးတော့ နန္ဒာလို အသိဉာဏ်ပညာရှိတဲ့သူများကလည်း တကယ့်လူနေမှုဘဝမှာ တဖက်တလမ်းက အကျိုးပြုစေတယ်ဆိုတာလည်း ပါးပါးလေး ဖော်ပြထားပါတယ်။
အမှန်တကယ် စာအုပ်ပါအကြောင်းအရာကတော့ လူတန်းစားလေးမျိုးရဲ့မတူညီကွဲပြားပုံကိုဖော်ပြထားခြင်း ဖြစ်တယ်။တစ်ယောက်က အလုပ်သမား၊တစ်ယောက်က လမ်းသရဲ ကျောင်းသား၊တစ်ယောက်က ကဗျာဆရာ၊တစ်ယောက်က မှောင်ခိုစက်လှေ ပိုင်ရှင်ဆိုပါတော့။
ဆရာကြီးမြသန်းတင့်က အလုပ်သမားလူတန်းစားတစ်ရပ်ရဲ့ ကျေးဇူးတရား၊လုပ်အားအသီးပွင့်များကိုစားသုံးရင်း ကျန်ရှိလူတန်စားအလွှာလွှာက လူများမှီခိုနေထိုင်ခွင့်ရကြပုံကိုအနုစိတ်ရေးသားထားပါတယ်။
ဒီစာအုပ်လေးက လူငယ်စာဖတ် ပရိတ်သတ်တွေအတွက် အရမ်းကို သင့်တော်တဲ့စာအုပ်လေးဖြစ်တော့ စာအုပ်လေးဖတ်ဖြစ်ခဲ့ရင်တော့ သံချောင်းလို အဆင်းရဲ ပင်ပန်းခံရမှာ မကြောက်တဲ့လူငယ်တွေ၊အားမာန်ရှိတဲ့ လူငယ်တွေ၊ကိုယ်ကျိုးစွန့်တဲ့ လူငယ်တွေ၊ တက်ကြွတဲ့ လူငယ်တွေ၊ပိုင်းဖြတ်မှုရှိတဲ့ လူငယ်တွေ၊အခက်အခဲကို ဖယ်ရှားနိုင်တဲ့ လူငယ်တွေ ပို၍ တိုးပွါးလာပါစေလို့ ဆန္ဒပြုရင်း....