TikTok Shop Thailand logo
Search
1/5
฿75.00

(myanmar book) လက်ဆောင် - မိုးရှင်း (IMT) ပိုမိုပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့...

Sold by Sar Phat Thu
24 sold

Select options

Select

Shipping

From ฿45.00
Est. delivery by Apr 24 - Apr 25

Specifications

Sar Phat Thu
496 items
Shop performance
Better than 94% of other shops
Ships within 2 days
83%
Responds within 24 hours
85%

About this product

ประเภทของฉบับฉบับปกติ
ประเภทของปกหนังสือปกอ่อน
ผู้เขียนမိုးရှင်း(IMT)

Product description

လက်ဆောင် မိုးရှင်း (imt)
ကျွန်တော့်ရဲ့ပထမဆုံးစာအုပ်လေးဖြစ်တဲ့ ““သူ စိတ်ဓာတ်ကျ တိုင်း ဖတ်ဖို့””မှာ စိတ်ဓာတ်ကျတဲ့အခါသုံးသင့်တဲ့နည်းလမ်းတွေ ကို ဖော်ပြပေးခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ပြန်လည်ရိုက်နှိပ်ခဲ့ရ တဲ့အထိ စာဖတ်သူတွေရဲ့အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ အွန်လိုင်း ကတစ်ဆင့် ကျွန်တော့်ကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့တဲ့ စာဖတ် ပရိသတ်တွေလည်း များစွာရှိခဲ့ပါတယ်။ စာဖတ်သူတွေအတွက် အသုံး ဝင်တဲ့စာအုပ်လေး ဖြစ်ခဲ့လို့ ကျွန်တော် အတိုင်းမသိ ဝမ်းသာမိပါ တယ်။
အခု ဒီစာအုပ်လေးကတော့ စာဖတ်သူတွေကို ပိုမိုပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ရေးခဲ့တာဖြစ်ပါတယ်။ စာဖတ် သူတွေအတွက် အသုံးဝင်မယ်ဆိုတာကိုလည်း ကျွန်တော် ကျိန်းသေ ပေါက်ပြောရဲပါတယ်။ ကျွန်တော် ဖတ်ခဲ့ မှတ်ခဲ့ဖူးတဲ့ စာတွေကဗဟုသုတတွေနဲ့ ကျွန်တော့်ရဲ့ဘဝအတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဒီစာအုပ်လေးကို ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ ဥပမာပုံပြင်လေးတွေကတော့ ကျွန်တော် ဖတ်ခဲ့ဖူးသမျှ အင်တာနက်က ပုံပြင်လေးတွေ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက နည်းလမ်းတွေဟာ ကျွန်တော်ကိုယ်တိုင်လည်း ကျင့်သုံးနေတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကျွန်တော့်အတွက် အသုံးဝင်ခဲ့တဲ့ အဖိုးတန်နည်းလမ်းလေးတွေကို စာဖတ်သူတွေဆီ ပြန်လည်ဝေမျှခြင်းဖြစ်တာကြောင့် ဒီစာအုပ်ရဲ့ နာမည်ကို ““လက်ဆောင်””လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ် လေးကတစ်ဆင့် စာဖတ်သူတွေကို ပျော်ရွှင်ခြင်းလက်ဆောင် ပေးနိုင် မယ်လို့လည်း ယုံကြည်ပါတယ်။
ကျွန်တော်တို့အားလုံး ပျော်ရွှင်ချင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တကယ်ရော ပျော်ရွှင်နေကြရဲ့လား၊ မိမိ ပျော်ရွှင်လား မပျော်ရွှင်ဘူးလားဆိုတာ မိမိသာ အသိဆုံးဖြစ်မှာပါ။ ဒီစာအုပ်လေး ထဲမှာတော့ ကျွန်တော်တို့တွေ ဘာလို့မပျော်ရွှင်ကြတာလဲ။ အကြောင်း ရင်းတွေက ဘာလဲ။ အဲဒါတွေကိုဘယ်လိုဖြေရှင်းကြမလဲ စသဖြင့် အသုံးဝင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်လေးထဲမှာ ဖော်ပြပေးမယ့် နည်းလမ်းတွေဟာ ကျွန်တော့်ဘဝကိုလည်း အရင်ကထက် ပိုမို ပျော်ရွှင်လာစေခဲ့တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းဟာ သင်နဲ့ အဝေးကြီးမှာမဟုတ်ပါဘူး။ သင်နဲ့ ကပ်လျက်တည်ရှိပြီး သင့်ရဲ့မျက်ကွယ်ပြုထားခြင်းကြောင့် သင့်ဘဝထဲကို ဝင်မလာတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်သလိုမျိုးပဲ မိမိ ရဲ့စိတ်ကိုလည်း သေချာဂရုစိုက်သင့်ပါတယ်။ မိမိရဲ့စိတ်ထဲကို ဘာတွေ ဝင်ခွင့်ပေးနေလဲ ဆိုတာလည်း မိမိဘာသာပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ တစ်နေ့မှာ. ၂၄ နာရီရှိတယ်။ ၈ နာရီခန့်က အိပ်တယ်။ ကျန်တဲ့လက်ကျန်နာရီတွေမှာ အချိန်တိုင်းလိုလို သင် တစ်ခုမဟုတ် တစ်ခု တွေးနေလေ့ရှိပါတယ်။ သင့်ရဲ့အတွေး၊ သင့်ရဲ့စိတ်က သင့် ကိုဦးဆောင်နေတာ ဖြစ်ပါတယ်။ သင် စိတ်ချမ်းသာနေရင် သင့်ရဲ့ လုပ်ဆောင်မှုတွေဟာလည်းအဆင်ပြေပြီး သင် စိတ်ဆင်းရဲနေရင် တော့ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတတ်ပါတယ်။ ဘဝအတွက် ဒီလောက်အရေးကြီးတဲ့စိတ်ကို အခုအချိန်ကစပြီး ဒီစာအုပ်ထဲက နည်းလမ်းတွေနဲ့ ဂရုစိုက်ကြည့်ပါ။ ဒီနည်းလမ်းတွေကို အသုံးချပြီး အရင်ကထက် ပိုသာယာတဲ့ဘဝလေး ဖန်တီးနိုင်ပါစေလို့ကျွန်တော် မိုးရှင်း(I.M.T) က ဆုတောင်းပေးလိုက်ပါတယ်။
Product Introduction of (myanmar book) လက်ဆောင် - မိုးရှင်း (IMT) ပိုမိုပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့... 10
Product Introduction of (myanmar book) လက်ဆောင် - မိုးရှင်း (IMT) ပိုမိုပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့... 11

Videos for this product

A.New..🕺
A.New..🕺
Ko San Shop
Ko San Shop
Ya Mone
Ya Mone

Explore more from Sar Phat Thu

You may also like
Womenswear & Underwear
Phones & Electronics
Fashion Accessories
Menswear & Underwear
Home Supplies
Beauty & Personal Care
Shoes
Sports & Outdoor
Luggage & Bags
Toys & Hobbies
No more products
TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok