ဒီစာအုပ်လေးက စာရေးသူရဲ့ အရင်စာအုပ်တွေနဲ့ မတူဘဲ တမူထူးခြားပါတယ်။
ဘဝနဲ့ ပတ်သက်လို့၊ စိတ်နဲ့ပတ်သက်လို့ စတဲ့ အကြောင်းအရာတွေကိုပဲ ရေးလေ့ရှိတဲ့ စာရေးသူက ဒီစာအုပ်လေးမှာ အချစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲ ထည့်သွင်းရေးဖွဲ့ထားပါတယ် မှတ်မှတ်ရရ အမှတ်တရ ရက်စွဲတစ်ခုအနေနဲ့ ရေးသားထုတ်ဝေဖြစ်တဲ့ စာအုပ်လည်း ဖြစ်ပါတယ် ဒီစာအုပ်ထဲမှာ ဘာတွေဖတ်ရမလဲဆိုရင် စာရေးသူရဲ့ ခံစားချက်အတိုင်း စိတ်လွတ်လက်လွတ် ဖော်ပြထားတဲ့ ကဗျာ အက်ဆေးလေးတွေ ဖတ်ရမှာဖြစ်ပြီး စာရေးသူကိုယ်တိုင် ရေးဆွဲဖန်တီးထားတဲ့ ပန်းချီလေးတွေလည်း ပါ၀င်ပါတယ်.. ဒီစာအုပ်လေးမှာ ရေးဖွဲ့သူရဲ့ ကြည်နူးမှုတွေ ပါသလို၊ ထိရှနာကျင်မှုတွေလည်း ပါပါလိမ့်မယ် ။ ဒီစာအုပ်လေးကို ဖတ်တဲ့အခါ နှလုံးသားနဲ့ ခံစားပြီး ဖတ်ဖို့ လိုအပ်ပါတယ်။