TikTok Shop Thailand logo
Search
1/9
฿115.00

(myanmar book) အရပ်သုံး စကားအဆန်းအလှများ - ဆရာထွန်းစိန် EEE (330 Hot Words)

Sold by Sar Phat Thu
3 sold

Select options

Select

Shipping

From ฿45.00
Est. delivery by Apr 20 - Apr 23

Specifications

Sar Phat Thu
503 items
Shop performance
Better than 92% of other shops
Ships within 2 days
88%
Responds within 24 hours
85%

About this product

ประเภทของฉบับฉบับปกติ
ประเภทของปกหนังสือปกอ่อน
ผู้เขียนဆရာထွန်းစိန် EEE

Product description

စာရေးသူအမှာ
Product Introduction of (myanmar book) အရပ်သုံး စကားအဆန်းအလှများ - ဆရာထွန်းစိန် EEE (330 Hot Words) 1
Product Introduction of (myanmar book) အရပ်သုံး စကားအဆန်းအလှများ - ဆရာထွန်းစိန် EEE (330 Hot Words) 3
Product Introduction of (myanmar book) အရပ်သုံး စကားအဆန်းအလှများ - ဆရာထွန်းစိန် EEE (330 Hot Words) 5
ဘာသာစကားပေါင်းများစွာ ရှိကြသည်။ ဘာသာစကားတိုင်းမှာ သူ့ ကိုယ်ပိုင်ဟန်ပန် အသီးသီး ရှိကြသည်။ မြန်မာစကားတွင်လည်း တမူထူးသည့် မြန်မာမှု၊ မြန်မာဟန်များ ရှိသည်။ အထူးသဖြင့် အရပ်သုံး စကားများတွင် ဆန်းပြား သော အသုံးအနှုန်းများကို တွေ့ရပေမည်။ ထိုအသုံးအနှုန်းများ၏ အဓိပ္ပာယ်ကို အခြားဘာသာစကားတခုဖြင့် ရှင်းပြရန် ခက်သည်။ သူ့ကိုယ်ပိုင်ဟန်ပန်ဖြင့် တည်ရှိနေသော အရပ်သုံး စကားတွဲများကို မြန်မာစကားတွင် များစွာ တွေ့ရှိနိုင်ပါ သည်။ ဥပမာ- ‘ကြံကြံဖန်ဖန်”၊ “ကကြီကကြောင်ကျတယ်”၊ “ကလန်ကဆန်လုပ်တယ်” “နားဝေတိမ်တောင်ဖြစ်တယ်’“ပစိပစပ်များတယ်” “ပေါ်ပင်လိုက်လုပ်တယ်” စသည့် စကားဆန်းများကို နေ့စဉ်နှင့်အမျှ အရပ်ထဲတွင် တွင်တွင်ကျယ်ကျယ် သုံးနေကြ သော်လည်း အဓိပ္ပာယ်ကို အင်္ဂလိပ်လို တိတိကျကျ ရှင်းပြဖို့ မလွယ်လှပါ။
စာရေးသူသည် “ဗဟုသုတ အင်္ဂလိပ်စာ” အမျိုးမျိုးကို နှစ်ပေါင်းများစွာ သင်ကြား ပေးလျက်ရှိရာ၊ စူးစမ်းလိုသည့် ကျောင်းသားများက အထက်နမူနာပါ မေးခွန်းမျိုးကို ကတ်သီးကတ်သတ် မေးလေ့ရှိသည်ကို မကြာခဏ ကြုံတွေ့ရသည်။ သိလိုစိတ်ဖြင့် မေးမြန်းကြသော ကျောင်းသားများ၏ အမေးကို ဖြည့်ဆည်းပေးလို သည့် ဆန္ဒရှိသူဖြစ်သဖြင့် မေးသမျှကို မှတ်သားထားပြီး၊ ရှာဖွေလေ့လာဆည်းပူးကာ သူတို့ ကျေနပ်အောင် ဖြေကြားပေးလေ့ရှိပါသည်။ ထိုသို့ ရှာဖွေ စုဆောင်းရရှိထား သော အရပ်သုံး မြန်မာစကားအဆန်းအလှ ၃၃ဝ ကို စုစည်းကာ ဤစာအုပ်တွင်တင်ပြထားပါသည်။ ဥပမာပေးဝါကျများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် တင်ပြထားပါသည်။ ရှာဖွေရတာ လွယ်စေဖို့၊ မြန်မာအက္ခရာစဉ်အလိုက် တင်ပြထားပါတယ်။ မာတိကာမှာ ရှာပြီး၊ အတွင်း စာမျက်နှာမှာ ဥပမာပေး ရှင်းလင်းပြထားပုံကို ဖတ်ရှုမှသာ ဘယ်အခြေအနေမှာ ဘယ်လိုပြောပြီး သုံးရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။
မိမိတို့ နေ့စဉ် ကြုံတွေ့နေရသည့် လူမှုဘဝ အခြေအနေကို ထင်ဟပ်သည့် ဝါကျများဖြင့် ဥပမာပေး ရှင်းလင်းတင်ပြထားသဖြင့်၊ စာဖတ်သူများ စိတ်ဝင်တစား ဖတ်ရှုကြမည်ဟု ယုံကြည်ပါသည်။
ဆရာထွန်းစိန် EEE

Explore more from Sar Phat Thu

You may also like
Womenswear & Underwear
Phones & Electronics
Fashion Accessories
Menswear & Underwear
Home Supplies
Beauty & Personal Care
Shoes
Sports & Outdoor
Luggage & Bags
Toys & Hobbies
No more products
TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok