About this product
ภาษาMyanmar
ประเภทของฉบับฉบับพิเศษ
ประเภทของปกปกแข็ง
ผู้เขียนThaw Tarr
จำนวนหน้า139
ISBN/ISSNTH2345162516536135610101
จํานวนต่อแพ็ค1
เวอร์ชันตัดทอน
ผู้พิมพ์pinmyintsanbooks
Product description
လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
****************************************
လူတချို့က ကျွန်တော်တို့ ထင်သလောက် ကျွန်တော်တို့အပေါ်မှာ မဖြူစင်ကြဘူးဆိုတာ မှတ်ထားပါ။ လူတချို့က ကျွန်တော်တို့ ထင်သလောက် ကျွန်တော်တို့အပေါ်မှာ မရိုးသားနိုင်ကြဘူးဆိုတာလည်း မှတ်သားထားပါ။
လူတချို့က ကျွန်တော်တို့ ထင်သလောက် ကျွန်တော်တို့အပေါ်မှာ အများကြီး မချစ်ကြဘူးဆိုတာ မှတ်သားထားပါ။
တစ်ခုခုဆို ရင်ဘတ်ကြီးနဲ့ရင်းပြီး ခင်တတ်၊ ချစ်တတ်၊ တွေးတတ်တဲ့ သင့်ကို လောကကြီးအကြောင်း နားလည်အောင် အမှာစကား ပါးရတာပါ။
လူငယ်ဖြစ်တုန်းမှာ လူငယ်ပီသအောင် နေပါ။
ကိုယ့်ကိုယ်ကိုယ် လူရာသွင်းပါ။
အသုံးဝင်တဲ့ လူငယ်တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
သူတစ်ပါးကို နာကျင်ခံစားရအောင် လုပ်ထားရင် ကိုယ်ကိုယ်တိုင်လည်းတစ်နေ့ပြန်ပြီးနာကျင်ခံစားရပါမယ်။
သူတစ်ပါးကို ငိုကြွေးရအောင် လုပ်ထားရင် ကိုယ်ကိုယ်တိုင်လည်း တစ်နေ့ ပြန်ပြီး ငိုကြွေးရပါမယ်။
သူတစ်ပါးကို အသည်းခွဲထားရင် ကိုယ်ကိုယ်တိုင်လည်း တစ်နေ့ ပြန်ပြီး အသည်းကွဲရပါမယ်။
ဒါကို ဝဋ်လို့ ခေါ်ပါတယ်။ ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။
ရှင်သန်ရဦးမယ့် မနက်ဖြန်တိုင်းမှာ မနေ့ကထက် ပိုသန်မာပါ။
လူတွေက သင့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး လှောင်ပြောင်ပြောဆိုကြတဲ့အခါ
ထိုသူ့ရဲ့မျက်လုံးကို စူးစူးစိုက်စိုက် ကြည့်ပြီး –
“ငါ့ဖြစ်တည်မှုက နင်တို့ ပါးစပ်သရမ်းဖို့ မဟုတ်ဘူး”လို့ ရဲရဲဝံ့ဝံ့ ပြောခဲ့ပါ။
ကျွန်တော်တို့ဘဝကြီး ပြောင်းလဲဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာ မူတည်သလို ကျွန်တော်တို့ရဲ့မိဘတွေကို ကျန်းမာ၊ ချမ်းသာအောင် ထားနိုင်ဖို့ဆိုတာဟာလည်း ကျွန်တော်တို့ အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း မူတည်ပါတယ်။
အသက်နဲ့ရင်းပြီး မှတ်သားထားရမယ့်စကားများ
(၁) ချစ်ခြင်းမေတ္တာဟာ ကစားစရာ မဟုတ်ပါ။
(၂) သင်ထင်သလောက် လူတွေ သင့်ကို အများကြီး မချစ်ပါ။
(၃) လူငယ်ဘဝက နှစ်ခါ ပြန်မရပါ။
(၄) လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ရေစက်ပါသလောက်ပဲ ဆုံစည်းရတယ်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ အမြဲ မှတ်ထားပါ။
(၅) သင်ချစ်ရတဲ့သူက သင့်ရဲ့အပိုင်ဖြစ်လာဖို့ တော်ရုံ ကုသိုလ်ကံတွေနဲ့ မရဘူးဆိုတာ သိထားပါ။
သင် အပျော်တွဲနေတဲ့တစ်ယောက်က သင့်ကို သူ့အသက်နဲ့ထပ်တူ ချစ်တယ်ဆိုတာ သင် သိပါသလား။
ကိုယ်ပျော်ရွှင်ရဖို့ တစ်ဖက်လူရဲ့အချစ်ကို မကစားလိုက်ပါနဲ့။
ကိုယ့်ကြောင့် တစ်ဖက်လူ ရင်ကွဲစေမယ့်အဖြစ်မျိုး မဖြစ်ပါစေနဲ့။