ဖေမြင့်
***
စာရေးသူသည် ဒဿနဆရာတစ်ဦး မဟုတ်ကြောင်း အထူး ပြောစရာ လိုမည် မထင်ပါ။
သို့သော်၊ စဉ်းစားခြင်းဟူသောအကြောင်းရပ်ကိုကား အလေးအနက် ထားသူတစ်ဦး ဖြစ်ပါသည်။
ယခု စာအုပ်မှာ၊
စာဖတ်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များအနေနှင့် စဉ်းစားခြင်း အလုပ်ကို စိတ်ဝင်စားကြ မွေ့လျော်ကြစေရန်နှင့်၊ ယင်းမှဆက်၍ ကျိုးကြောင်း စိစစ် ဝေဖန်ဉာဏ်ရင့်သန်သူ၊ ဘဝ ပြဿနာများ၊ မိမိ ကျင်လည်ရာ ပတ်ဝန်းကျင် လူ ့အဖွဲ့အစည်း၏ ပြဿနာများကို ဉာဏ်အမြော်အမြင် ပြည့်ဝစွာ ဖြေရှင်း ဆောင်ရွက်နိုင် သူများ ဖြစ်ကြစေရန် ရည်ရွယ်၍ လက်လှမ်းမီသမျှ စာအုပ်စာတမ်းတို့ကို အမှီပြုကာ ရေးသားပြုစုထားခြင်း ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ စာဖတ်သူအား ထာဝစဉ် လေးစားလျက်။
ဖေမြင့်
၁၈၊ ၁၁၊ ၂၀၁၄