စာဖတ်သူသို့
လွန်ခဲ့သည့်နှစ် ပြာသိုလပြည့်ကျော် ၈ ရက်နေ့တွင်ဖြစ်သည်။ စာရေးသူသည် ဆေးရုံမှဆင်းလာစ ကျန်းမာရေးအတွက် အနားယူ လျက်ရှိသည်။ ထိုစဉ် ရွှေဟင်္သာဆရာတော်သည် စာရေးသူ၏ ကျန်းမာရေး အခြေအနေကို မေးမြန်းရန် ညနေချိန်တွင် ကြွလာပါသည်။ ဆရာတော်သည် ကျန်းမာရေး အခြေအနေကို မေးမြန်းပြီး ပြန်ကြွခါနီးတွင် ဤသို့ အမိန့်ရှိသွား ပါသည်။
“စာမချသေးဘဲ ကျန်းမာရေးအတွက် အနားယူနေတုန်းမှာ စာအုပ်လေး တစ်အုပ်ရေးဖို့ ကောင်းတယ်၊ ခု သမိဒ္ဓေါချောင်ဆရာကြီး အသက်ကိုးဆယ် ကျော်သွားပြီ၊ ချောင်ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိလေးတစ်ခု ရှိသင့်တယ်၊ အတ္ထုပ္ပတ္တိ ဆိုတာ အသက်ရှိတုန်းရေးရမှ အချက်အလက်ပြည့်စုံပြီး မှန်ကန်တိကျမှု ရှိနိုင် တယ်၊ အဲဒါ ဦးနန္ဒမာလာ ကြိုးစားရင် ဖြစ်နိုင်ပါတယ်”
ရွှေဟင်္သာဆရာတော်သည် ကျမ်းပေါင်းများစွာကို ရေးသားပြုစုခဲ့ သော ပြုစုလျက်ရှိသော ဆရာတော်တစ်ပါးဖြစ်ကြောင်း အများသိပြီးဖြစ်သည်။ ဆရာတော်၏ ကျမ်းစာများတွင် ရွှေဟင်္သာတောရသမိုင်း၊ ထွဋ်ခေါင်ဆရ ခေါင်ဆရာတော် အတ္ထုပ္ပတ္တိ၊ ရွှေကျင်-နိကာယသာသနာဝင် စသော အတ္ထုပ္ပတ္တိ စာပေများစွာ ပါဝင်ပါသည်။ ထိုအတ္ထုပ္ပတ္တိ စာပေများကို ပြုစုခဲ့စဉ်က အတွေ့အကြုံအရ ဆရာ တော်၏ သတိပေးချက်မှာ မှန်ကန်သည့်အပြင် များစွာပင် အဖိုးတန်လှပါသည်။
“တပည့် အတတ်နိုင်ဆုံး ကြိုးစားပါမည်” ဟု ဆရာတော်အား ဝန်ခံလိုက်ပါသည်။
တပို့တွဲလဆန်းစတွင် အလုပ်စပါသည်။ ထိုအချိန်က အတ္ထုပ္ပတ္တိရှင် ဖြစ်သည့် သမိဒ္ဓေါချောင်ဆရာကြီးနှင့် သိကျွမ်းရင်းနှီးခြင်း မရှိသေးပါ။ သို့ဖြစ်၍ သိကျွမ်းရင်းနှီးပြီးဖြစ်သော သမိဒ္ဓေါချောင်ဆရာကြီး ဒေါ်ကဉ္စနာနှင့် ဦးစွာ ဆက် သွယ်ရပါသည်။ ၎င်းမှတစ်ဆင့် ချောင်ဆရာကြီးထံ သွားရောက်တွေ့ဆုံပါသည်။ ချောင်ဆရာကြီးနှင့် တွေ့ဆုံ၍ စကားပြောမိသောအခါ ချောင်ဆရာ ကြီး၏ ယဉ်ကျေးဖွယ်ရာသော ပြောဟန်ဆိုဟန်မှတစ်ဆင့် အတွင်းစိတ်ဓာတ် ကိုပါ အကဲခတ်ခွင့် ရခဲ့ပါသည်။ သူတော်စင်ပီသမှု၊ မေတ္တာကရုဏာ ကြီးမားမှု တို့မှာ အရှင်းသား ပေါ်လာပါသည်။ ထိုအချက်များက အတ္ထုပ္ပတ္တိပြုစုရန် တိုက်
တွန်းနေသလို ရှိပြန်ပါသည်။ မရေးစေချင် ချောင်ဆရာကြီးသည် အမှန်အားဖြင့် သူ၏အတ္ထုပ္ပတ္တိကို မ ပါ။ ဂုဏ်ပကာသနအလုပ်ဟု ယူဆပြီး ငြင်းဆန်နေပါသည်။ သို့ရာတွင် တွင် “ဤ အတ္ထုပ္ပတ္တိသည် ဆရာကြီး၏ ဂုဏ်ပကာသနအတွက် မဟုတ်ပါ၊ ဆရာကြီး၏ ကျင့်စဉ်ကို သိရှိကြည်ညိုပြီး လိုက်နာသူများမှာ ဆရာကြီးနည်းတူ ကုသိုလ်တရား ပွားများနိုင်ရန်အတွက်ပါ”ဟု ရှင်းပြသောအခါမှသာ အလွယ်တကူ လက်ခံပါ သည်။
ထို့နောက် အတ္ထုပ္ပတ္တိလုပ်ငန်းကို စခဲ့ပါသည်။ သိလိုသော အချက် အလက်တို့ကို အပိုင်းများစွာခွဲ၍ မေးမြန်းပါသည်။ ချောင်ဆရာကြီးသည် အလွန် မှတ်ဉာဏ်ကောင်းသည်။ အချို့ အကြောင်းအရာများကို ရက်စွဲအတိအကျဖြင့် ပြောနိုင်သည်ကို တွေ့ရပါသည်။ စာရေးသူသည် ချောင်ဆရာကြီးနှင့် အကြိမ် ပေါင်း ၃ဝ ကျော် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။
မေးမြန်းသဖြင့် ချောင်ဆရာကြီးက ပြောပြသောအခါ စပ်မိစပ်ရာ ပြောရင်း ပါဝင်လာသော အချက်အလက်များ ဆပ်နွှယ်ရာ စာအုပ်စာတမ်းများမှ ထုတ်နုတ်ယူရသော အချက်အလက်များကို စုပေါင်းပြီး ဤအတ္ထုပ္ပတ္တိကျမ်းကို ပြုစုပါသည်။
ဤအတ္ထုပ္ပတ္တိကို ပြုစုရာ၌ ချောင်ဆရာကြီးနှင့် စာရေးသူတို့ အပေး အယူလုပ်ကြရပါသည်။ ချောင်ဆရာကြီးက ကုန်ကြမ်းပေး၍ စာရေးသူက
ကုန်ချောထုတ်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဤအတ္ထုပ္ပတ္တိကို ပြုစုရာတွင် ချောင် ဆရာကြီး ဝရာကြီးကိုယ်တိုင် ပါဝင်နေသည့်အတွက် ဤအတ္ထုပ္ပတ္တိသည် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိသဖွယ်ပင် အတ္ထုပ္ပတ္တိသည် ဖြစ်ပါသည်။
ဤ အတ္ထုပ္ပတ္တိပိုင်ရှင် ချောင်ဆရာကြီးကို သီပေါမင်း မပါမီ ၅ နှစ် အလိုတွင် အင်္ဂလိပ်တို့ အုပ်စိုးရာ အောက်မြန်မာနိုင်ငံ၌ ဖွားမြင်ခဲ့ပါသည်။ ချောင် ဆရာကြီးသည် ခေတ်အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရသည်။ ရှည်လျားသော နှစ်ကိုးဆယ်ကျော် ဘဝခရီးကို လျှောက်ခဲ့ရသည်။ ဘဝခရီးဝယ် လူတိုင်း တွေ့ ကြုံကြရသော အမှောင်အလင်းတို့ကို မရှောင်ကွင်းနိုင်ခဲ့ပါချေ။ အနိမ့်အမြင့် အဆင်းအတက် ခလုတ်ကန်သင်းတို့နှင့်လည်း ကြုံတွေ့ရသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ချောင်ဆရာကြီး၏ ဘဝခရီးကား ရှည်လျားသလောက် အကွေ့ အကောက် နည်းပါးလှပါသည်။
အတ္ထုပ္ပတ္တိရှင်မှာ သူတော်စင် သီလရှင်ဆရာကြီးတစ်ဦးဖြစ်၍ ဤ အတ္ထုပ္ပတ္တိကို သူတော်စင်ရှုထောင့်မှ တင်ပြထားပါသည်။ ထိုသို့တင်ပြရာ၌ အတ္ထုပ္ပတ္တိစာပေ၏ အသက်ဖြစ်သည့် အချက်အလက် မှန်ကန်တိကျမှုကို ဦးစား ပေးထားပါသည်။ ဂုဏ်မြောက်အောင် တမင် ချဲ့ထွင်ရေးသားခြင်းမျိုး၊ တစ်ဖက် ကို နှိမ့်ချခြင်းမျိုးတို့ကို အတတ်နိုင်ဆုံး ရှောင်ရှားထားပါသည်။ ချောင်ဆရာကြီး ၏ စွမ်းဆောင်ချက်များကို တင်ပြသကဲ့သို့ပင် ပျော့ကွက် ဟာကွက် အားနည်း ချက်တို့ကိုလည်း မတိမ်မဝှက် တင်ဆက်ထားပါသည်။
“အတ္ထုပ္ပတ္တိစာပေသည် ဖတ်ရှုစရာ စာပေများတွင် ဖတ်ပျော်ဖွယ် အရှိဆုံးနှင့် အကျိုးအမြတ်အရှိဆုံး ဖြစ်သည်” ဟု ကာလိုင်း (Carlyle) က ဆိုပါသည်။ ဤအတ္ထုပ္ပတ္တိကို ဖတ်ရှုရာ၌ ကာလိုင်း (Carlyle) ၏ အဆိုအတိုင်း ဖတ်ပျော်ဖွယ်နှင့် အကျိုးအမြတ် ရှိ မရှိကား စာဖတ်သူများ၏ အဆုံးအဖြတ် အတိုင်းသာ ဖြစ်ပါလိမ့်မည်။
အရှင်နန္ဒမာလာဘိဝံသ(ပါချုပ်ဆရာတော်)