နာမည်ကျော်စာရေးဆရာ Micheal Blake ၏ ပထမဆုံးဝတ္ထုဖြစ်သော Dances With Wolves ကိုဆရာမောင်ထွန်းသူမှ “ဝံပုလွေများနှင့်ကခုန်သူ”ဟူ၍ အမည်ပေးဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ လွတ်လပ်သော ရက်အင်ဒီးယန်း လူမျိုးစုတို့၏ ဘဝကိုအပီအပြင်ရေးဖွဲ့ထားနိုင်သောဝတ္ထုဟုဆိုကြပြီး၊ စွန့်စားခန်းဝတ္ထုကောင်းတစ်ပုဒ်ဟုလည်းဝေဖန်ရေးဆရာများက အသိအမှတ်ပြုရသည့်လက်ရာကောင်းတစ်ခုလည်းဖြစ်ပါသည်။ ၁၈၆၃ ခုနှစ်တစ်ဝိုက်ကိုအခြေပြုကာ ကွန်မင်ချီချက်အင်ဒီးယန်း လူမျိုးစုနှင့် အမေရိကန်စစ်တပ်မှ ဗိုလ်ကလေး ဂျွန်ဂျေ၊ ဒမ်ဘာတို့ကြား ဆက်စပ်ယှက်နွယ်မှုများကို ဇာတ်အိမ်ဖွဲ့ရေးသားထားခြင်းဖြစ်သည်။ ရက်အင်ဒီးယန်းတို့၏ ရိုးရှင်းသောဘဝ၊ လူသားတို့၏ ချစ်ချင်းမေတ္တာနှင့် မတူညီသော လူမှုအဖွဲ့အစည်းများကြားလွန်ဆွဲမှုများကို သည်းထိပ်ရင်ဖိုစွန့်စားခန်းများနှင့်အတူဖတ်ရှုရမည်ဖြစ်ပါသည်။