၁၉၄၃ ခုနှစ်မှာ ပြင်သစ်ဘာသာစကားနဲ့ စတင်ထုတ်ဝေခဲ့တဲ့ မင်းသားလေး ဝတ္ထုစာအုပ်ဟာ ယနေ့ထိတိုင် နိုင်ငံတကာမှာ ဘာသာပြန်နေရဆဲဖြစ်ပါတယ်။ ဘာသာပေါင်း ၃၀၀ ကျော်ဘာသာပြန်ဆိုထားပြီးကမ္ဘာပေါ်မှာ သမ္မာကျမ်းစာပြီးရင်ဘာသာအများဆုံးပြန်ရတဲ့ စာအုပ်ပါ။ အင်္ဂလိပ်မူ (ပြင်သစ်ကနေအင်္ဂလိပ်လိုဘာသာပြန်မူ) ၁၁ မူကို တိုက်ဆိုင်ပြီး မြန်မာလို ပြန်ရေးထားတာ ဖြစ်ပါတယ်။ မင်းသားလေးစာအုပ်ဟာ အရွယ်သုံးပါး မရွေးဖတ်ရှုလို့ရပြီးတွေးစရာများစွာပါဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။