About this product
ภาษาMyanmar
ประเภทของฉบับฉบับปกติ
ประเภทของปกปกแข็ง
ISBN/ISSNTH23456718381781611
จํานวนต่อแพ็ค1
Product description
ရှာရယ်ဆန်းဘာ့ခ်(Sheryl Sandberg).. ဆိုတဲ့ အမျိုးသမီးက facebook ရဲ့ CEO တစ်ယောက်။
သူ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၂၆ သန်းလောက်ရှိမယ်။
တစ်ရက်မှာ ရှာရယ် ဟောပြောပွဲ တစ်ခုမှာ ဟောပြောရတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်လုပ်ငန်းခွင်ရဲ့ထိပ်ဆုံးနေရာကိုရောက်ဖို့ ဘယ်လို လုပ်သင့်သလဲဆိုတာကို သူက ရှင်းပြတယ်။
အမျိုးသားတွေဆီကနေသင်ယူရမယ်တဲ့။ ယောကျာ်းတွေက မိန်းမတွေထက် ပိုပြီးဥာဏ်ကောင်းနေတယ်လို့ ပြောတာ မဟုတ်ဘူးနော်။
ပြသာနာက မိန်းမတွေက ယောကျာ်းတွေထက် ပိုဥာဏ်ပြေးနေတာ။ ရှာရယ် ကပြောတယ်။ ယောကျာ်းတွေထက် ပိုဥာဏ်ကောင်းနေတဲ့အတွက် မိန်းမတွေ ရှေ့ကို မတတ်နိုင်ဘူးဖြစ်နေတယ်တဲ့။
မိန်းမတွေက ပိုပြီး အာရုံစိုက်နားထောင်ကြတယ်။ မိန်းမတွေက ပိုပြီး သေသေချာချာ စဥ်းစားတုံ့ပြန်တတ်တယ်။
မိန်းမတွေက ပိုပြီး အာရုံထားတယ်၊ မေးခွန်းတွေကို ဖြေချင်တယ်။ ပြသာနာ တွေကို ဖြေရှင်းချင်တယ်။
ယောကျာ်းတွေက အဲ့ဒါတွေကို တစ်ခုမှ မလုပ်ဘူး ။ယောကျာ်းတွေက ဘယ်သူပြောပြော နားမထောင်ဘူး။
ယောကျာ်းတွေက ကိုယ်လိုချင်တာပဲ သိတဲ့ သူတွေ။ အဲဒါက ပိုအလုပ်ဖြစ်နေတယ်...တဲ့ ရှာရယ်ကရှင်းပြတယ်။
ဘာလို့လဲ ဆိုတော့ ယောကျာ်းတွေမှာ မိန်းမတွေလို အကန့်အသတ်တွေမရှိဘူး။
ရှာရယ်က သူ့ကိုယ်တွေ့အတွေ့အကြုံတစ်ခုနဲ့ ဥပမာပေးတယ်။
တစ်ခါတုန်းက ဟောပြောပွဲ တစ်ခုမှာ ရှာရယ် စကားပြောတယ်။ ပရိသတ်တွေက ယောကျာ်းတွေရော၊ မိန်းမတွေရော အများကြီးပဲ။
ဟောပြောပြီးသွားတော့ ရှာရယ်က ပရိသတ်တွေထဲက အမျိုးသမီး တစ်ယောက် နဲ့ စကားစမြည်ပြောတယ်။
သူ့မိန့်ခွန်း အဆင်ပြေရဲ့လား... အဲဒီအမျိုးသမီးကိုမေးကြည့်တယ်။
အမျိုးသမီးက ပြန်ဖြေတယ်။ " ကျွန်မ သိလိုက်တာ တစ်ခုတော့ရှိတယ်။ မှန်မှန် မှားမှား လက်ထောင်ပြရမယ်ဆိုတာပဲ..." တဲ့။
ရှာရယ်က နားမလည်လို့ ထပ်မေးတယ်။
" ရှင် သတိမထားမိလိုက်ဘူး၊ ဟုတ်တယ် မဟုတ်လား။ ရှင့်မိန့်ခွန်းအပြီးမှာ ရှင်ကပြောတယ်လေ။ မေးခွန်းတွေ မေးလို့ရပါပြီတဲ့။ အဲဒီတော့ ပရိသတ်ထဲက ယောကျာ်းတွေ၊မိန်းမတွေကိုယ်စီကိုယ်စီ လက်ထောင်ပြကြတယ်လေ။ မေးခွန်းတွေ မေးကြတယ်။ မိနစ် နှစ်ဆယ် လောက်လည်း ကြာသွားရော့ ရှင်က ထပ်ပြောတယ်။ " နောက်ထပ်မေးခွန်း ၂ ခု ထပ်ပြီးမေးလို့ရပါတယ်။ ဒါပြီးရင်တော့ပြီးပါပြီ " တဲ့။
" နောက်မေးခွန်း ၂ ခုအပြီးမှာ ပရိသတ်ထဲက မိန်းမတွေ တစ်ယောက်မှ လက်မထောင်တော့ဘူး။ ယောကျာ်းတွေကတော့ မသိလိုက်မသိဘာသာပဲ လက်တွေ ထပ်ပြီးထောင်ကြတယ်။ မေးခွန်းတွေ ထပ်မေးကြတယ်...။
ရှင်ကလည်း သူတို့မေးသမျှ ထပ်ဖြေပေးတယ်...
" မိန်းမတွေက စည်းကမ်းလိုက်နာကြတယ်လေ ။ မေးခွန်း ၂ ခုဆို ၂ ခုပဲ။ ထပ်မမေးကြတော့ဘူးလေ။ ဒီတော့ သူတို့ထပ်မေးချင်တာတွေ မေးခွင့်မရတော့ဘူး...
".... ယောကျာ်းတွေက စည်းကမ်းကို မလိုက်နာဘူး။ သူတို့ထပ်မေးချင်တာ မေးခွင့်ရသွားရော....
" အဲဒါကြောင့် ကျွန်မ ဆုံးဖြတ်လိုက်တာ ။ နောက်ဆိုရင် ငါလည်း စည်းကမ်းကို မလိုက်နာပဲ လက်ထောင်ပြတော့မယ်...လို့ "
ရှာရယ်ဆန်းဘာ့ခ် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတယ်။
ပရိသတ်ထဲက အမျိုးသမီးတွေ သူ့စကားအတိုင်း လိုက်နာခဲ့ကြတာ၊ လက် ထပ်မထောင်ပြတော့တာကို သူ လုံးဝ သတိမထားမိလိုက်ဘူး။
သူဟာ အမျိုးသမီး အခွင့်အရေးတွေ အတွက် ရှေ့ဆုံးကနေ တိုက်ပွဲဝင်နေတဲ့သူ။
သူလို လူတောင် သတိမထားမိဘူးဆိုရင် ကျန်တဲ့ အမျိုးသမီး တွေ သတိထားမိဖို့ ဘယ်လို ဖြစ်နိုင်မလဲ။
ဒါကြောင့်လည်း ယောကျာ်း တွေက မိန်းမတွေထက် ပိုပြီး သြဇာ အာဏာ ကြီးနေကြတာ။
ယောကျာ်းတွေက သူများဆီမှာခွင့်တောင်းရမှန်း မသိကြဘူး။ ခွင့်လည်း မတောင်းဘူး။
ကိုယ်လိုချင်တာကို ရရင်ပြီးရော ဇွတ်တိုးကြတာ။
မိန်းမတွေလို...." ငါတော့ မှားတော့မှာပဲ" ဆိုတဲ့ စိုးရိမ်စိတ်လည်း မရှိကြဘူး။
ကိုယ်မှန်တာ မှားတာထက် ရလာဒ်ကိုပဲ ပိုအာရုံစိုက်ကြတယ်။
ရှာရယ် ဆိုလိုချင်တာ ဒါပါပဲ။
အမျိုးသမီးတွေ ရှေ့ကို မရောက်ဖို့ တားဆီးနေတဲ့ အတားအဆီးတွေထဲက တစ်ခုက အမျိုးသမီးတွေ ကိုယ်တိုင်ပဲ။
အမျိုးသမီးတွေက....ဥာဏ်သိပ်ကောင်းလွန်းနေတယ်။
စည်းကမ်းတွေကို လိုက်နာလွန်းနေတယ်။
အရာရာကို ဂရုစိုက်လွန်းနေတယ်။
မှားမှာကိုအရမ်းကြောက်နေကြတယ်။
တကယ့်ပြသာနာက အဲဒါ ပါပဲ...တဲ့ ရှာရယ်က ပြောတယ်။တွေးတာက ပြသာနာမဟုတ်ဘူး။အတွေးလွန်တာကသာ ပြသာနာ။
ချမ်းမြေ့ဝင်း (တစ်+တစ်=သုံး) ဘာသာပြန်စာအုပ်မှ
ဗဟုသုတအလို့ငှာ ကူးယူတင်ပြလိုက်ပါသည်။