About this product
ผู้เขียนလယ်တွင်းသားစောချစ်
Product description
ပန်းလိုချင် အပင်ကိုပျိုးတက်မှ
ပန်းလှလှကို ရလိုလျှင် ဥယျာဉ်မှူးကောင်း ဖြစ်ရန်လို၏။ ထိုနည်းတူပင် သားကောင်းသမီးကောင်း ရလိုလျှင် ကိုယ်တိုင် မိဘကောင်း ဖြစ်ရန်လိုသည်။
ပန်းပင်ပန်းပွင့်ကို ပြုစုပျိုးထောင်ရာတွင် ဥယျာဉ်မှူးသည် မိမိစိတ်တိုင်းကျ လုပ်ဆောင်၍ရ၏။ သို့သော် သက်ရှိဖြစ်သော သားငယ်သမီးငယ်တို့ကို ပြုစုပျိုးထောင်ရသည်မှာ ပို၍ နူးညံ့သည်။ သိမ်မွေ့သည်။ နေရာတိုင်းမှာ ကိုယ်စိတ်တိုင်းကျ လုပ်ဆောင်၍ ရသည်မဟုတ်၊ သူ့ဆန္ဒ သူ့သဘောထားနှင့် သူ၏ ပကတိ အခြေ အနေကိုလည်း မှန်ကန်စွာ နားလည်ရန် လိုသည်။
ကလေးကို ပြုစုပျိုးထောင်ရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းဟူ ၍ နှစ်မျိုးနှစ်စားရှိ၏။