TikTok Shop Thailand logo
Search
1/5
฿99.00

(myanmar book) မှတပါးအခြားမရှိ - မိုး မိုး(အင်းလျား) မြန်မာဝတ္ထု

Sold by Sar Phat Thu
3 sold

Select options

Select

Shipping

From ฿45.00
Est. delivery by Apr 23 - Apr 24
Sar Phat Thu
497 items
Shop performance
Better than 94% of other shops
Ships within 2 days
83%
Responds within 24 hours
85%

Product description

မိခင်တစ်ယောက်ရဲ့မေတ္တာကို ရင်ထဲနှလုံးသားထဲမှာ ခံစားမိတဲ့အထိ နင့်နင့်သည်းသည်း ဖတ်ခဲ့ရတဲ့စာအုပ်လေး။ ပညာတတ်ခြင်း၊မတတ်ခြင်းထက် မိဘကိုကျွေးမွေးချင်တဲ့၊သိတတ်လွန်းတဲ့ သားကြီး ကိုမျိုးထွန်း၊ ကံအကောင်းအကြောင်းမလှလို့ စီးပွားမဖြစ်ထွန်းပေမယ့် မိဘကို ပေးချင်ကမ်းချင်စိတ်နဲ့ အမြဲမပြတ် ကြိုးစားတတ်တဲ့ သားလတ်အောင်စိုး၊ ပညာတတ်မှ လူရာဝင်မယ်လို့ တွေးပြီး ငယ်စဥ်ကတည်းက စာကိုအပတ်တကုတ်ကြိုးစားတဲ့ သားငယ် အောင်တိုး။ပညာလေးလည်း အသင့်အတင့်ရလာပြန်တော့ ရာထူး၊ဂုဏ်ရှိန်တွေကို မက်မောပြီး ကိုယ့်ကိုကျောင်းစားရိတ်ထောက်ပေးတဲ့ ပညာမတတ်တဲ့ အစ်ကိုတွေကို အထင်မကြီးတတ်တဲ့ အောင်တိုး။ အလှအပကို ပညာထက် မက်မောတတ်တဲ့ သမီး ခင်ကြိုင်။သူ့စိတ်ကြိုက် ပိုက်ဆံချမ်းသာတဲ့သူတွေ့တော့ အိမ်ထောင်ပြု။ သားသမီးရလာမှ အမေ့မေတ္တာတွေကို တစိတ်တပိုင်းလောက်နားလည်လာခဲ့တဲ့သူ။ မောင်နှမတွေအားလုံးထဲမှာတော့ သမီးထွေး မိသက်တစ်ယောက်အတွက်တော့ အပူပန်ရအနည်းဆုံးလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီသားသမီးတွေအတွက် မုဆိုးမဘဝနဲ့ စျေးရောင်း၊စျေးထွက်၊ချက်ပြုတ်ကျွေးမွေးရလည်း အမေ့မှာ မေတ္တာမပျက်၊ သားလတ်အောင်စိုး လုပ်ငန်းမအောင်မြင်လည်း အရင်းအနှီးထုတ်ပေးမပျက်၊ သားကြီး ကိုမျိုးထွန်း ခြေထောက်ဒဏ်ရာဖြစ်လို့ နားရပြန်တော့လည်း ထမင်းခူးကျွေးမပျက်တဲ့ အမေရယ်ပါ။မိခင်မေတ္တာ ကြီးမားပုံနဲ့ လှပလိုက်ပုံများလေ ဖတ်ရင်း တစိမ့်စိမ့် ခံစားရတာပါပဲ။ အားလုံးထဲမှာ သားကြီး ကိုမျိုးထွန်းကတော့ဖြင့် ကျွန်မ အလေးစားဆုံးသူပါပဲ။ အငယ်တွေအတွက် အနစ်နာခံပြီး ပိုက်ဆံရှာ အိမ်စားရိတ်၊ကျောင်းစားရိတ်ထောက်ပံ့၊ သဘောကျတဲ့ မိန်းကလေးတွေ့တာတောင် သူ့မှာ မိသားစုကို ငဲ့တဲ့စိတ်ကလေးနဲ့ သူ့ဆန္ဒတွေ နောက်ပို့ထားတဲ့သူမျိုးမို့ သားအကြီးတစ်ယောက်ရဲ့ ခံစားချက်ကို ကရုဏာသက်မိ၊ခံစားမိရပါတယ်။ သားသမီးတွေ နေရာတကျဖြစ်သွားလို့ စည်းစည်းလုံးလုံးနေချင်တဲ့ အမေ့ဆန္ဒလေး ပြည့်သွားလို့ ပျော်ရတယ်။ကြည်နူးမျက်ရည်လည်း ကျမိရတယ်။မိခင်မေတ္တာကို နားလည်စပြုလာတဲ့ သားသမီးတွေအတွက်လည်း ဝမ်းသာရပါတယ်။ လူ့ဘဝမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုက ဒွန်တွဲနေတယ်ဆိုသလိုပဲ….တွေ့ဆုံကြုံကွဲ ဖြစ်မြဲ ဓမ္မတာများလိုပေါ့လေ။ နောက်ဆုံးမှာ အမေဟာ သူ့ဘဝမှာ သူ့တာဝန်တွေ ပြီးဆုံးသွားပြီဆိုပြီး စိတ်လျှော့လိုက်တာလို့ သားအကြီး ကိုမျိုးထွန်းက ပြောလေရဲ့…။ ကျွန်မအတွေးကတော့ သား၊သမီးတွေကိုအမေ အလုံးစုံ စိတ်ချသွားတယ်လို့ တထစ်ချ မယူဆရဲပါဘူး။မိဘမေတ္တာဆိုတာ အတိုင်းအဆမဲ့ ကြီးမားကျယ်ပြန့်တယ်မို့လားနော်။ဒီစာအုပ်လေးဖတ်ပြီး အမေ့မေတ္တာ၊အမေ့စိတ်ခံစားချက်၊စိတ်စေတနာတွေကို ပိုပြီး ခံစားမိကြမယ်လို့ လည်း မျှော်လင့်မိပါတယ်။
Product Introduction of (myanmar book) မှတပါးအခြားမရှိ - မိုး မိုး(အင်းလျား) မြန်မာဝတ္ထု 2
Product Introduction of (myanmar book) မှတပါးအခြားမရှိ - မိုး မိုး(အင်းလျား) မြန်မာဝတ္ထု 3

Explore more from Sar Phat Thu

You may also like
Womenswear & Underwear
Phones & Electronics
Fashion Accessories
Menswear & Underwear
Home Supplies
Beauty & Personal Care
Shoes
Sports & Outdoor
Luggage & Bags
Toys & Hobbies
No more products
TikTok Shop promo codes
Sell on TikTok ShopSeller center
About TikTok ShopContact usCareersAffiliate
Help centerSafety centerCommunity guidelines
TransparencyAccessibility
Open TikTok