About this product
ประเภทของฉบับฉบับปกติ
ประเภทของปกหนังสือปกอ่อน
ผู้เขียนHein Zaw
Product description
မိမိကိုယ်တွင်ရင်းနှီးမြုပ်နှံခြင်း
Perfect ဖြစ်ဖို့ထက် Progress ဖြစ်အောင်လုပ်ပါ ...
တိုးတက်ပြောင်းလဲဖို့အတွက် အတားအဆီးတွေထဲကတစ်ခုကိုပြောပါဆိုရင် ပြီးပြည့်စုံအောင်လုပ်ချင်လွန်းတဲ့စိတ်ပဲ။
ပြီးပြည့်စုံချင်စိတ် (Perfectionism) ဆိုတာက တစ်ခုခုလုပ်မယ်၊ တစ်ခုခုရွေးမယ်ဆိုရင် အကောင်းဆုံးမှ၊ အပြည့်စုံဆုံး၊ ခြောက်ပစ်ကင်းသဲလဲစင်အခြေအနေကို လိုချင်တာပေါ့။ တချို့ စာစရေးချင်တယ်။ ကိုယ့်မှာ ဝမ်းစာမပြည့်သေးလို့ မရေးသေးပါဘူးလေဆိုပြီး အချိန်တွေသာကြာလာတယ်၊ စမရေးဖြစ်ဘူး။ တချို့ စာအုပ်တစ်အုပ်ထုတ်ဖို့လုပ်တယ်၊ သတ်ပုံပြင်လို့မပြီးတာနဲ့၊ ကာဗာဒီဇိုင်းမကြိုက်တာနဲ့၊ အထဲက Content ကို အားမရတာနဲ့ တော်တော်နဲ့မထွက်နိုင်တာမျိုးတွေရှိတယ်။ တချို့ကျတော့ အလုပ်ရာထူးအခွင့်အလမ်းကောင်းပေါ်တာတောင် အရည်အချင်းတွေဖြည့်ဖို့လိုသေးတယ်ဆိုပြီး မလျှောက်ဖြစ်တာ၊ တာဝန်မယူဖြစ်တာတွေလည်း ရှိတယ်။
တစ်ခုခုလုပ်တဲ့အခါ အတတ်နိုင်ဆုံး ပြီးပြည့်စုံတာကောင်းတယ်။ ဒါပေမဲ့ အရာအားလုံး၊ ၁၀၀ ရာခိုင်နှုန်းထိ ပြီးပြည့်စုံအောင်လုပ်ဖို့ ကြိုးစားတာကျတာ့ ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုကို ကိုယ့်ဘာသာကန့်သတ်ရာရောက်သွားတယ်။ အဓိကအားဖြင့် အရေးမကြီးတဲ့ အသေးအဖွဲတွေကို အာရုံစိုက်လွန်းပြီး အရေးကြီးတာတွေ၊ အဓိကရည်မှန်းချက်တွေ လွတ်သွားတာပဲ။ တချို့သိပ်တော်တဲ့သူတွေ ဖြစ်ဖြစ်မြောက်မြောက်တိုးတက်မလာတာဟာ Perfectionism ကြောင့်ပဲ။ အကောင်းဆုံး၊ အပြည့်စုံဆုံးဖြစ်ဖို့ကြိုးစားရင်း၊ ပြင်ဆင်ရင်းနဲ့ပဲ အချိန်တွေကုန်သွားတတ်တယ်။ တချို့ကျတော့လည်း အမှားတွေ၊ အပြစ်အနာအဆာတွေကို ပြင်ရင်းပြင်ရင်း အလုပ်ကရှေ့မရောက်တာမျိုးဖြစ်တတ်တယ်။
ခင်ဗျား Perfect ဖြစ်အောင်ကြိုးစားလေ အလုပ်ပြီးမြောက်ဖို့ခက်လေပဲ။ ကွန်ဖြူးရှပ်ပြောတဲ့စကားတစ်ခွန်းရှိတယ်။ “အနာအဆာပါတဲ့စိန်တစ်ပွင့်ဟာ အနာအဆာကင်းတဲ့ကျောက်စရစ်ခဲတစ်ခက်ထက် ပိုကောင်းပါတယ်” တဲ့။
အရေးကြီးတာက ကိုယ်ရည်မှန်းထားတာကို လုပ်လို့ရသလောက် ဖြစ်အောင်လုပ်ဖို့ပဲ။ အမှားတွေ၊ အားနည်းချက်တွေရှိကောင်းရှိနိုင်တယ်၊ တော်ရုံအသေးအမွှားတွေ၊ အရေးမကြီးတာတွေဆိုရင် လွှတ်လို့ရရင်လွှတ်လိုက်။ တချို့အခွင့်အလမ်းတွေက အချိန်ယူရင်း၊ ပြင်ဆင်ရင်း လက်လွတ်သွားတာမျိုးတွေရှိတယ်။
Perfect ဖြစ်ဖို့ထက် Progress ဖြစ်ဖို့ကြိုးစားတာက လက်တွေ့ကျတယ်။ စစရာရှိတာစ၊ လုပ်စရာရှိတာလုပ်ရင်း တိုးတက်အောင်၊ ကိုယ်လိုချင်တဲ့ရလဒ်ရအောင် လုပ်သွားဖို့ပဲ။
◾မိမိကိုယ်တွင် ရင်းနှီးမြှုပ်နှံခြင်း