ကျွန်တော် အခုအချိန်ထိ ထင်ရှားကျော်ကြားတဲ့ ကမ္ဘာသိ အောင် မြင်သူတွေအကြောင်း စာအုပ်ရေးခဲ့တာ ၄ အုပ် ရှိသွားပါပြီ။ ဂျက်မား၊ ဆာရစ်ချတ်ဘရင်ဆန်၊ ဇူကာဘတ်နဲ့ လီကာရှင်း အကြောင်းတွေပါ။ အဲဒီ စာအုပ်တွေကို စာဖတ်သူအတော်များများက အတ္ထုပ္ပတ္တိစာအုပ်တွေလို့ သတ် မှတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အတ္ထုပ္ပတ္တိစာအုပ်တွေလို့ မသတ်မှတ်ပါဘူး။ ဘာကြောင့် မသတ်မှတ်ရတာလဲဆိုတာ အကြောင်းရှိပါ တယ်။ ကျွန်တော် အဲဒီစာအုပ်တွေမှာ သူတို့အကြောင်း သူတို့ဘဝဖြစ်စဉ် တွေကို အသေးစိတ်ရေးပြထားခဲ့တာမဟုတ်ဘဲ သူတို့ ဘာကြောင့် အောင်မြင် ကြတယ်ဆိုတာနဲ့ သူတို့ကို အောင်မြင်မှုရစေခဲ့တဲ့ အကြံအစည် အလေ့ အကျင့်တွေ၊ လုပ်နည်းလုပ်ဟန်တွေကိုပဲ အဓိကထား ရေးခဲ့လို့ပါ။ အဲဒီလို ရေးရတဲ့ အကြောင်းကလည်း အောင်မြင်သူတွေရဲ့ အကြံအစည်၊ အလေ့ အကျင့်၊ လုပ်နည်းလုပ်ဟန်ကို မြန်မာလူမျိုးတွေ အတုယူ အသုံးချပြီး သူတို့လို အောင်မြင်စေချင်လို့ပါ။