About this product
ประเภทของปกหนังสือปกอ่อน
ประเภทของฉบับฉบับปกติ
ผู้เขียนရွှေဥဒေါင်း
Product description
ယင်း “ဟစ်တလာလုပ်ခဲ့သမျှ” စာအုပ်သည် ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီ စစ်ကြိုခေတ် နဂါးနီစာအုပ်တိုက်မှ လက်ရွေးစင်စာအုပ် အဖြစ် ရိုက်နှိပ်ဖြန့်ချိခဲ့သော စာအုပ်ဖြစ်ပေသည်။ မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးနေသော အချိန်က၊ နိုင်ငံရေး အရလည်းကောင်း၊ တိုင်းပြည်နှင့်လူထုအတွက်လည်းကောင်း၊ အထူး တန်ဖိုးရှိလှသော ယင်းစာအုပ်ကို ဆရာကြီးရွှေဥဒေါင်းက တာဝန်သိသိ မြန်မာပြန်ခဲ့ခြင်းဖြစ်ပေသည်။
ယင်းခေတ်သည် နှစ်ပေါင်းတစ်ရာကျော်မျှ မြန်မာနိုင်ငံအား လာရောက်ကျူးကျော် အုပ်စိုးနေသော ဗြိတိသျှနယ်ချဲ့သမားကို ပြည်သူလူထုက ဆန့်ကျင်တိုက်ခိုက်နေချိန် အမျိုးသားလွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရန် တာဆူနေချိန်လည်းဖြစ်လေရာ တိုးတက်သော ပညာတတ်နိုင်ငံရေးသမားတစ်စုသည် မြန်မာပြည်နိုင်ငံရေးသမိုင်းတွင် အရေးပါသော အခန်းက ပါဝင်ကပြခဲ့သော “နဂါးနီ” စာအုပ်တိုက်နှင့် အသင်းကို တည်ထောင်ခဲ့ကြလေသည်။-२-
နဂါးနီစာအုပ်တိုက်သည် အထူးသဖြင့် တိုင်းပြည်အတွက် အကျိုးရှိသော နိုင်ငံရေးစာအုပ်များကိုသာ ထိပ်တန်းဦးစားပေးထုတ် ဝေဖြန့်ချိခဲ့ပေသည်။
ယနေ့ အသက်လေးဆယ်ကျော်အထက်ရှိ နိုင်ငံရေးသမားများ၊
အစိုးရ အမှုထမ်းအရာထမ်းများ၊ စီးပွားကုန်သွယ်ရေးသမားများနှင့်
အလွှာအသီးသီးရှိ လူထုသည်၊ ဖော်ပြပါ နဂါးနီစာအုပ်တိုက်နှင့် ယင်း
တိုက်ထုတ်စာအုပ်များကို ပြုစုခဲ့သူ၊ မြန်မာပြန်ခဲ့သူ၊ စာရေးဆရာကြီး
များ၏ ကျေးဇူးမကင်းခဲ့ကြပါဟုဆိုပါလျှင် မှားနိုင်အံ့မထင်ပေ။ စစ်ကြိုခေတ်က လူငယ်ကလေးများသာဖြစ်ခဲ့ကြသော ကျွန်တော် တို့တစ်တွေမှာ ယင်းတိုက်ထုတ် စာအုပ်များကိုဖတ်၍ တိုင်းပြည်ချစ် စိတ်၊ တိုင်းပြည်အတွက် အသက်စွန့်လိုစိတ်များ တဖွားဖွား တက်ကြွခဲ့ ကြရသည်မှာ လက်တွေ့ဖြစ်ပါသည်။
၁၉၃၆ ခုနှစ်တွင် ဖက်ဆစ်နာဇီဂျာမနီဦးဆောင်၍ ဒုတိယ ကမ္ဘာစစ်မီးကို ဥရောပတွင် စတင်မီးမွှေးခဲ့ပေသည်။ အာရှတိုက်တွင် လည်း နာဇီဂျာမနီ ဖက်ဆစ်အီတလီတို့၏ မဟာမိတ် ဖက်ဆစ်ဂျပန်က အာရှနိုင်ငံများကို ကျူးကျော် သိမ်းပိုက်ရန် တာဆူကြိုးပမ်းနေချိန်ဖြစ်ရာ မြန်မာနိုင်ငံအဖို့လည်း နိုင်ငံရေးအရ အလွန်အရေးကြီးသော အချိန် ဖြစ်ခဲ့ရပါသည်။
ပြည်သူလူထုအများစုသည် နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်စိုးနေ သော ဗြိတိသျှနယ်ချဲ့သမားကိုသာ အဓိက ရန်သူအဖြစ် ဦးတည် ဆန့်ကျင်နေချိန်ဖြစ်ပြီး၊ ပိုမိုဆိုးဝါးသော ဖက်ဆစ်ဂျပန်အန္တရာယ်ကို မမြင်ခဲ့ကြသေးပေ၊အလွန်ဦးရေနည်းပါးသောပညာတတ်နိုင်ငံရေးသမား အချို့သာလျှင် ဖက်ဆစ်ဂျာမနီ၊ အီတလီ၊ ဂျပန်တို့၏အန္တရာယ်ကို နိုင်ငံရေးအရမြင်ခဲ့ကြပြီး အဓိကကမ္ဘာ့ရန်သူအဖြစ်ဖြင့် မြင်ခဲ့ကြပေသည်။
ထို့ကြောင့် နဂါးနီစာအုပ်တိုက်သည် တိုင်းပြည်အတွက် အရေး လည်းကြီးခေတ်နှင့်လည်း ကိုက်ညီလှသော ဖက်ဆစ်ဝါဒနှင့်ပတ်သက် သော စာအုပ်အချို့ကို ၁၉၃၉ ခုနှစ်မှစ၍ စစ်ဖြစ်သည်အထိတတ်နိုင် သမျှ ထုတ်ဝေဖြန့်ချိခဲ့သည်ကို မှတ်မိပါသည်။
အထူးသဖြင့် “ဂျပန်သူလျှို ဟစ်တလာလုပ်ခဲ့သမျှ” ဒီးဒုတ် ဦးဘချို၏ တရုတ်ပြည်သွား ခရီးမှတ်တမ်းဟုထင်ရသော စာအုပ်နှင့် အမည်မမှတ်မိတော့သော ဖက်ဆစ်ဝါဒနှင့်ပတ်သက်သော စာအုပ်များ ကို ထုတ်ဝေဖြန့်ချိနိုင်ခဲ့ခြင်းကြောင့် ဖက်ဆစ်ဝါဒ၏အတွင်းသဘောကို အတော်မြင်ခဲ့ကြရပြီး ဖက်ဆစ်ဂျပန်အပေါ်တွင်လည်းကောင်း၊ ဖက်ဆစ်ဝါဒအပေါ်တွင်လည်းကောင်း၊ အမျှော်လင့်ကြီး မျှော်လင့်မိခဲ့ ကြသော စိတ်ဓာတ်များ ကျွန်တော်တို့တိုင်းပြည်တွင် အတော်လျော့ ဘဓာတရ နည်းသွားပြီး ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းအတွက်ပင် အထောက် အကူဖြစ်ခဲ့ရပေသည်။
ယနေ့ခေတ်လူငယ်များ၊ နိုင်ငံရေးသမား၊ တိုင်းရေးပြည်ရာ များကို လေ့လာဆည်းပူးလိုသူ ပုဂ္ဂိုလ်များအတွက် မလေ့လာ မဖတ်ရှု ဘူးသေးသော အလွန်ရှားပါးလှသည့် ယင်းစာအုပ်ကို ထုတ်ဝေဖြန့်ချိ ထိုက်သည်ဟု ယုံကြည်ချက်ဖြင့် ထုတ်ဝေလိုက်ရပေသည်။
အထူးသဖြင့် ယင်းစာအုပ်မူပိုင်ရှင် ဆရာကြီးရွှေဥဒေါင်း၏ ခွင့်ပြုချက်ရသဖြင့် ထုတ်ဝေနိုင်ခြင်းကိုလည်း စာရှုသူတို့က ကျေးဇူးတင် ထိုက်လှပေသည်။